16
မာယာဖြူဖြူ
အပိုင်း(၁၆)
#မာယာဖြူဖြူ
11041219
"ဒေါက်…ဒေါက်…"
"ကို…အ…ငယ်..လေး…ကိုငလေး.."
သက်ဦး လက်ထဲက ဖုန်းကို ချလိုက်ပြီး တံခါး ကို ဖွင့်လိုက်တော့ ခိုင်လေးက မျက်လုံးပြူးဖြင့် ရပ်နေသည်။
"ခိုင်လေး…ဘာလဲ.."
"ဟို..ဟို…အစ်မ ထွက်ပြေးပြီ…"
"ဘာ…"
"ဟုတ်တယ်…ဘယ်သူနဲ့ ဖုန်းပြောတာလဲ မသိဘူး..ပြောပြီး ကတည်းက ငိုနေတာ…ပြီးတော့ ဘာဖြစ်သွားလဲ မသိပါဘူး..အိတ်ထဲကို အ၀တ်အစားတွေ ထည့်ပြီး ထွက်သွားတာ…ဘယ်သူမှ မသိဘူး..အကုန်လုံး အိပ်ကုန်ပြီ…"
"ဟမ်….သွားတာကြာပြီလား…"
"ကြာတော့မကြာသေးဘူး….တံခါးက လိုက်ကြည့်တာရယ် ဒီကို ရောက်လာတာဆိုတော့ နည်းနည်းတော့ကြာပြီပေါ့…"
"ရှုပ်နေတာပဲ…ဖယ်စမ်း.."
သက်ဦး ဖုန်းကို ကောက်ယူကာ လှေကားတွေကို အပြေးအလွှား ဆင်းပြေးလာခဲ့လိုက်သည်။
ကားထုတ်ပြီးတော့မှ တစ်ခု သတိရသွားသည်။
ဘွားတော်က သူ့ချစ်သူနဲ့များ လိုက်ပြေးတာလား..။
အာ..သူ့လို ဘွားတော်က ဘယ်က ချစ်သူ ရှိမှာလဲ.။
ညနေတုန်းကတောင် လူကြီးတွေကို အ၀တ်အစားတွေ ၀တ်ပြရသေးသည်။
ခုမှ ဘာအရူးထတာလဲ မသိပါဘူး..ကျစ်..။
လမ်းတစ်လျှောက်မတွေ့တော့ ရင်ပူလာကာ ကားကို ပြန်ကွေ့ပြီး လိုက်ကြည့်ရပြန်သည်။
"ဟော.."
ကျောပိုးအိတ် တစ်လုံး လက်ဆွဲအိတ် တစ်လုံးနဲ့ ဟုတ်နေလိုက်တာ..။
လူက ပုပုသေးသေးလေးဆိုတော့ အိတ်တွေကိုပဲ သေချာ မြင်ရသည်။
သက်ဦး တစ်ချက်ပြုံးပြီး ကားကို အရှိန်လျော့ကာ ထိုးရပ်လိုက်သည်။
ဘယ်အထိ သွားဖို့များ စိတ်ကူးထားလဲ မသိပါဘူး.။
လမ်းလျှောက်ပြီး လိုက်နေရာက ခပ်မြန်မြန် သွားပြီး ကျောပိုးလွယ်အိတ်ကို ဆွဲထားလိုက်သည်။
ВЫ ЧИТАЕТЕ
မာယာဖြူဖြူ
Любовные романы"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...