Part 22

8.8K 434 19
                                    

22

မာယာဖြူဖြူ

အပိုင်း(၂၂)

#မာယာဖြူဖြူ

06151147

"မြလေး..."

"ဟင်…အဲ…ရှင်."

"လာဦး…"

"အမ်း…အဲ…ဟုတ်.."

ဘွားဘွားက လင်နဲ့မယား တစ်ယောက်နဲ့ တစ်ယောက် လေးလေးစားစား ပြောဆိုရမယ်ဆိုတဲ့ ဥပဒေ ထုတ်ထားတော့ ဘဲဥ ခပ်ကျယ်ကျယ်လေး ဟုတ်လို့ အော်လိုက်ရသည်။

လှေကား တစ်၀က်လောက်ကနေ ခေါ်ပြီး ပြန်တက်သွားတော့ ဘွားဘွားရှေ့မှာ ခါးညွတ်ပြီး လှေကားကို ပြေးတက်သွားလိုက်သည်။

"ဘာဖြစ်လို့လဲ…"

"သင်တန်းလည်း မတက်ပဲနေ့တိုင်း ဒီလိုပဲ ဟိုယောင် ဒီယောင်နဲ့ အချိန်ကုန်ခံနေတော့မှာလား…"

သင်တန်းတက်ဖို့ ကိစ္စ ပြောတော့ ဘဲဥ နှာခေါင်းရှုံ့မိသည်။

"တော်ပါပြီ…ဆရာမက အချိုးပြောင်းပြီး ငါ့ကိုချည်း ဖိသင်နေတာ…ပင်ပန်းတယ်ဟ…ခါးလည်းနာတယ်..မမနှင်းပြောတာ မှန်တယ်…ဒီအလုပ်က ငါနဲ့အဆင်ပြေမှာ မဟုတ်ဘူး…ခေါင်းလည်း ကိုက်သေးတယ်…"

ဘဲဥ ပြောနေချိန် သူ က လူကြီးတစ်ယောက်လို လက်ပိုက်ပြီး ခေါင်းရမ်းနေသည်။

"သင်တန်းခ ဆုံးလည်း ဆုံးပါစေတော့…ငါးသောင်းထဲရယ်.."

"ငါးသောင်း..ဟလား..ဆယ်နှစ်သိန်း..."

"မဟုတ်ပါဘူး…ငါးသောင်းထဲပါ…"

"ဟုတ်တယ်…ဘွားတော်က ငိုနေလို့ တစ်ယောက်တည်း သင်ပေးပါ ဆိုပြီး ပိုက်ဆံသွားပေးလာတာ.ရှင်းပလား.."

"ဟမ်..နင်ပေးလိုက်တာ…အမ်…ဟလား.."

ဘဲဥ အံသြရင်း မယုံနိုင်ဖြစ်ကာ မေးလိုက်တော့ နှုတ်ခမ်းတွန့် ပြုံးပြီး ခေါင်းညိတ်နေသည်။

အဲဒါ ကြောင့် ဆရာမ က ချက်ချင်း ပြောင်းလဲ သွားတာကိုး..။

"ဘာလို့လဲ…"

"ချစ်လို့ပေါ့….ကိုယ့်ချစ်တဲ့သူ စိတ်ညစ်နေတာ မမြင်ချင်လို့…"

မာယာဖြူဖြူOù les histoires vivent. Découvrez maintenant