Part 21

7.5K 435 40
                                    

21

မာယာဖြူဖြူ

အပိုင်း(၂၁)

#မာယာဖြူဖြူ

06120511

"ဟင်…ဘွားဘွား.."

သက်ဦး နဲ့ ဘွားတော် အိမ်ထဲ ရောက်လာချိန် ဆိုဖာမှာ ခြေချိတ်ထိုင်နေတဲ့ ဘွားဘွားကို တွေ့လိုက်ရတော့ မျက်လုံးပြူးသွားသည်။

"ဟင်..ဘွားဘွားဆိုတာ.."

သက်ဦး လက်ကို ကုတ်ပြီး မေးတော့ ခေါင်းညိတ်ပြလိုက်ရသည်။

"အဲဒါ…ကျွန်တော့်အဘွား."

"အအိုး…နုလိုက်တာ…ငယ်ငယ်လေးလိုပဲနော်.."

ဘွားတော် က အရေးထဲ ပခုံးတွန့်ပြီး ဝေဖန်နေသေးသည်။

"လာကြလေ…သားသမီးတွေကို ခစားပြီးတော့ မြေးအထိ ဆက်ခစားရတာပေါ့လေ…"

"ဘွားဘွားကလည်း….ကျွန်တော်က..ဘွားဘွား စိတ်ဆိုးပြီး ရောဂါတိုးမှာ စိုးလို့ မလာတာပါ…ဒါနဲ့…ဘွားဘွား..ဒီမှာ ဘာလာလုပ်တာလဲဟင်.."

"နင် ဘယ်အချိန်ထိ မိုက်နေဦးမှာလဲ သက်ဦးငယ်.."

သက်ဦး ဆိုဖာမှာ ၀င်ထိုင်လိုက်ပြီး မျက်လွှာချလိုက်ကာ ငြိမ်သက်နေတော့ ဘွားတော်ကလည်း အူကြောင်ကြောင်ဖြင့် အနားမှာ ၀င်ထိုင်သည်။

"သူများအိမ်မှာတက်နေ..သူများကျွေးတဲ့ ထမင်းကိုစားနေတာ..ခု မယားပါရပြီ…မယားကလည်း အဲလိုပဲ ဆက်နေရတာ..နင့်မှာ ထွန်းကျော်တို့ကို အားနာတဲ့စိတ်မရှိဘူးလား.."

"ဟုတ်ကဲ့…ကျွန်တော်…အခန်းငှားပြိး နေလိုက်ပါ့မယ်…"

"အခန်းငှားနေမယ်…ဘယ်က ပိုက်ဆံနဲ့ အခန်းငှားနေမှာလဲ…ဘာလဲ..ခြံတစ်ကွက်ရောင်းဦးမလို့လား…နောက်တခါကျရင် ရောင်းစရာ မြေကွက်ကုန်ပြီ..နင် ခွေးဖြစ်ပြီ…လူဆိုတာ ကိုယ့်မှာရှိတာကို အတက်နိုင်ဆုံး ကြိုးစားပြီး ကြီးပွားအောင် လုပ်ရတယ်…ကြီးပွားအောင် မလုပ်နိုင်ရင်တောင် မလျော့ပါးအောင် ကာကွယ်ရတယ်..နင့်အဖေ နင့်အမေ နင့်မိဘတွေ ဘာလို့သေလဲသိတယ်မလား…လေပြင်းတိုက်နေတာတောင် စီးပွားရေးကိစ္စကြောင့် ခရီးထွက်သွားလို့ ခုလိုဖြစ်တာ…သူတို့ အသက်ရင်းပြီး ရှာထားခဲ့ရသမျှတွေကို နင် ထိုင်ဖြုန်းနေတာကို ငါ့၀ဋ်ကြွေး ရှိလို့ ထိုင်ကြည့်နေရတာပဲ သက်ဦးငယ်…"

မာယာဖြူဖြူDonde viven las historias. Descúbrelo ahora