Part 26

8.9K 455 7
                                    

26

မာယာဖြူဖြူ

အပိုင်း(၂၆)

#မာယာဖြူဖြူ

06201140

"ဘွားဘွားကို ပြောလိုက်ရင် ပြီးရောကို.."

"အကုန်လုံး လုပ်ပြီးကာမှ ဒီလောက်ပိုက်ဆံလေးကို တောင်းရမှာလားဟဲ့…အဲဒါဆို ပြောခံရဦးမယ်…ခုက ဘွာဘွးား ပိုက်ဆံ တစ်ကျပ်တောင် မပါဘူး…မင်းသက်တို့ မေးရင် ငါတို့ ပြန်ပြောနိုင်ပြီမလား.."

ဘွားတော်က ကိုယ့်ဘက်ကချည်းနာပြနေတော့ သက်ဦး စိတ်ထဲ ကျေနပ်ပေမဲ့လည်း ပေးဆပ်ရမှာက ကြီးလွန်းသည်။

ရှေ့မှာ ချထားတဲ့ အနွေးထည်တွေထဲက လုံး၀ အဆင်မပြေဆုံးတွေကို ရွေးထုတ်ရတာ သက်ဦးအတွက် ခက်ခဲသည်။

အ၀တ်အစား တော်တော် များများကို ကြိုက်ပြီဆိုတာနဲ့ ဘယ်နေရာဖြစ်ဖြစ် ဘယ်စျေးဖြစ်ဖြစ် ၀ယ်သည်။

အပေါင်းအသင်းတွေ များတုန်းကဆိုရင် ရုပ်ရှင် အသိုင်းအဝိုင်းက အထိ သက်ဦးရဲ့ အ၀တ်အစား အသုံးအဆောင်တွေကို ငှား၀တ်တာမျိုး ရှိခဲ့သည်။

အ၀တ်အခန်းက ကိုယ့်အတွက် ဂုဏ်အယူရဆုံးပင်..။

ဘရန်းတွေကို တသီးတသန့် အစီအရီထားပြီး အမောပြေ ကြည့်နေရတာကို ကျေနပ်ပျော်ရွှင်နေခဲ့သည်။

"ဟ….ဘွားတော်…အဲဒါတော့ မလုပ်ပါနဲ့ဗျာ.."

ဘွားတော်လက်ထဲက ဂျင်းဂျာကင် ကို ကပျာကယာ ဆွဲယူလိုက်ပြီး ပြန်ချိတ်ထားလိုက်ရသည်။

ကျစ်…ပိုက်ဆံလေး နည်းနည်းပါးပါးပဲ လိုတော့တာ ဘွားဘွားဆီက တောင်းလိုက်ရင် ပြီးတာကိုပဲ..။

"ဖိနပ်တွေ ထုတ်ပါဆို…"

"မလိုပါဘူး…ဒီလောက်ဆို ရလောက်ပြီမလား…ရှက်ဖို့ကောင်းလိုက်တာ…ပိုက်ဆံမရှိလို့ အကျ ိင်္ရောင်းနေရတယ်တဲ့….လူတွေသာ သိသွားရင် ကျွန်တော် တကယ်သတ်သေပစ်မှာနော်…ဘွားနော်.."

"အမလေး…ရှက်စရာ မဟုတ်တာကို ရှက်နေပြန်ပါပြီ ငယ်လေးရယ်…ဒါတွေက ဒီတိုင်းလည်း ၀တ်တာ မဟုတ်ဘူး..ဟိုနေ့ကဆို ဂျင်းတစ်ထည် မှိုတက်ပြီး လျှော်လိုက်တာ အကုန်ကွက်ကုန်တယ်လေ…ဒီလိုပဲ ပျက်စီးသွားမှာထက် ရောင်းလိုက်တော့ ငွေပြန်ရတာပဲမလား.ဒါတောင် ၀ယ်တုန်းကလောက် ရတာ မဟုတ်ဘူး..တစ်၀က်ရတာမျိုး..ဘယ်လောက်တောင် နစ်နာသလဲ…စီးပွားရေးနဲ့ တွက်လို့ကတော့ ခွက်မကျန်အောင် ရှုံးနေပြီ…မဖြစ်ပါဘူး..နောက်ဆို အ၀တ်အစား ၀ယ်ရင် ငါပဲ ၀ယ်ပေးမယ် သိလား…ဒါမှ လိုအပ်တာလား..တန်တာလား..ခွဲတက်မှာ..နင့်ဟာနင်ဆို ကြိုက်တိုင်း ၀ယ်နေမှာပဲ…ခုလို ထပ်ဖြစ်ဦးမယ်.."

မာယာဖြူဖြူDonde viven las historias. Descúbrelo ahora