18
မာယာဖြူဖြူ
အပိုင်း(၁၈)
#မာယာဖြူဖြူ
11040441
"ဘာပြောလဲ…"
"လူတွေကတော့ မနက်ကတည်းက ထွက်သွားတာ..အိတ်တွေ ရှိသေးတယ်တဲ့.."
"အအိုး..အမေတို့ကလည်း သူများအိမ်မှာ ဘယ်လောက်ကြာအောင် နေဦးမှာလဲ…မသိ…စိတ်ညစ်လိုက်တာ.."
ပင်လယ်ကြီးကို မျက်နှာမူပြီး ခြေပစ်လက်ပစ် ထိုင်ချကာ ညီးတွားနေတဲ့ ဘွားတော်ကို ကြည့်ရင်း ခေါင်းရမ်းမိသည်။
ဘေးနားက သစ်ကိုင်းခြောက်တစ်ခုကောက်ပြီး ပင်လယ်ထဲလည်း ပစ်လိုက်သေးသည်။
"ဘယ်တော့လောက် ပြန်မယ် ပြောလဲ…"
နေရောင်ဘက်ကို မော့ကြည့်ရလို့ မျက်လုံးမှေးပြီး ကြည့်ရင်း မေးတော့ သက်ဦး ပြုံးမိသည်။
"ဘာရယ်နေတာလဲ.."
"သြော်…ကျွန်တော်က ဘယ်လိုသိမှာလဲ…ခင်ဗျား အမေကို ဖုန်းဆက်မေးကြည့်ပါလား.."
"ဟာ..မေးရင် ပြောစရာတွေ များဦးမယ်…အိမ်ပြန်ချင်လိုက်တာ…"
"ဒီမှာ ဘာဖြစ်လို့လဲ…ဒီလောက် အေးဆေးနေရတာပဲ…"
"ဟွန့်..နေ့ပိုင်းကတော့ ဟုတ်တာပေါ့…နင်က ညပိုင်းဆို လူမဟုတ်တော့ဘူး…အရည်က ညတိုင်း သောက်သေး..နောက်ပြီးရင် ဘေဘီလေးနဲ့ မှားလို့ဆိုပြီး ဆွဲဖက်လိုက် အတင်းနမ်းလိုက်နဲ့…သတ်မိမှာ စိုးလို့ မနည်းထိန်းနေရတာ…ညဆို အကုသိုလ် များတယ်..စိတ်ဆင်းရဲတယ်…"
လေတိုက်လို့ လွင့်ပျံနေတဲ့ ဆံပင်တွေကို လက်နှစ်ဘက်နဲ့ သပ်တင်ရင်း ပြောတော့ သက်ဦး နှာခေါင်းရှုံ့မိသည်။
"နေ့ခင်းတော့ ပျော်ဖို့ကောင်းတယ်မလား.."
"ဘာမှ ပျော်စရာမကောင်းဘူး.."
"ကျွန်တော် သတိထားပါ့မယ်ဗျာ.."
"အခန်းတစ်ခန်း ထပ်ယူလိုက်ရင် ပြီးရော…ပိုက်ဆံလေးတောင် ယူမလာဘူး.."
"ဘွားတော်ကျတော့ကော…သူဌေးတွေဆို..ခု ရောင်းလို့ပေါင်လို့ရတာ တစ်ခုမှ တောင် မပါဘူးမလား..အလကား..ဖွတ်ကျား.."
![](https://img.wattpad.com/cover/274068419-288-k9353.jpg)
ВЫ ЧИТАЕТЕ
မာယာဖြူဖြူ
Любовные романы"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...