မာယာဖြူဖြူ
အပိုင်း(၇)
#မာယာဖြူဖြူ
06040622
"လာလေ…ထိုင်…"
ဘဲဥ အခန်းထဲမှာ အ၀တ်စလေးတွေနဲ့ အလုပ်ရှုပ်နေချိန် စကားသံကြားရတော့ အလိုလို နားစွံ့ထားမိသည်။
"ဟုတ်ကဲ့…အန်တီ ကြည်ကြည် ကိုတော့ သိပါတယ်..နှစ်ခါလောက် လာဖူးတယ်…အစ်ကို့ကိုတော့ ခုမှ တွေ့ဖူးတယ်…ဟီး…ချောတယ်နော်.."
"ဟုတ်လား…မုန့်၀ယ်ကျွေးမယ်လေ…ဘေဘီလေး ဘယ်နေ့ အားလဲ.."
"တကယ်ပြောတာပါ…"
"ဒါနဲ့…ဘေဘီကော..သင်တန်းတက်နေတာလား.."
"အဟွင်း..မဟုတ်ဘူး…အလုပ်လုပ်နေတာလေ.."
"ဒါဆို ဒီမှာပဲ နေတာပေါ့…တစ်ခါမှ မလာဖူးနော်…"
"ဟုတ်…အဆောင်နဲ့ အလုပ်မှာပဲ အချိန်ကုန်နေတာ…ခုတောင် တီတီဥ အတွက် ပစ္စည်းလာဖို့တာ..ဇူး အပြန် မိုးချုပ်ဦးမယ်…"
"ကိုယ် လိုက်ပို့မှာပေါ့.."
ဇူးဇူး အသံမှန်း သိလိုက်ပြီး ဘဲဥ မျက်လုံးပြူးသွားသည်။
ဟိုမသာလေး တိုးနိုင်တော့ မဟုတ်တာတွေ ပြောပြီး ဖွန်ကြောင်နေပြီ ထင်တယ်။
လက်ထဲက ကတ်ကြေးနဲ့ အ၀တ်စကို ကပျာကယာ ချပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။
"ဟင်.."
ဆိုဖာရှေ့မှာ လက်နောက်ပစ်ပြီး စကားရပ်ပြောနေတာ ဟိုမြွေပွေးကောင်..။
"သြော်…တီတီဥ.."
"ဇူးဇူး..နင်ရောက်နေတာလား.."
"ဟုတ်…"
ဘဲဥ မျက်နှာထား တည်တည်ဖြင့်ပင် ဆိုဖာတွေ ဆီ ရောက်သွားတော့ ဇူးဇူးက အိတ်တစ်ခု လှမ်းပေးသည်။
"ဘွားဘွား ပေးခိုင်းလိုက်တာ…ဇူး လိပ်စာနဲ့ ရောက်လာလို့ "
"ဘာတွေလဲ.."
"မသိဘူး..ငပိအနံ့တော့ ရတယ်..တီတီဥက ငပိကြိုက်တော့ ငပိကြော်နေမှာပေါ့.."
ဘေးမှာ ရပ်နေတဲ့ကောင်က နှာခေါင်းရှုံ့ပြီး မျက်နှာမဲ့သွားတော့ ဘဲဥ ရှက်သလို ဖြစ်သွားကာ ကပျာကယာ ဆွဲယူလိုက်သည်။

ESTÁS LEYENDO
မာယာဖြူဖြူ
Romance"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူစင်မမှီတဲ့ ပေမမှီ ထောက်မမှီ အရပ်ဆို....ဟွန့်...မိန်းမ တကာ ကို သုံးလာတဲ့ ယောက်ျားမာယာတွေ ...မသိရင် ခ...