Part 9

7.7K 487 42
                                    

မာယာဖြူဖြူ

အပိုင်း(၉)

#မာယာဖြူဖြူ

09041231

"တိုးနိုင်..ဘယ်လိုနေသေးလဲ.."

"ကောင်းသွားပါပြီ.."

"တော်သေးတာပေါ့…"

"အစ္မ…"

"ဟင်…"

"ဟိုလေ…ကြက်သားက နေ့တိုင်းစားနေရတာ ဆိုတော့ တခြားဟင်းလေး ပြောင်းချက်ပါလားဗျာ.."

တိုးနိုင်က မျက်နှာငယ်ဖြင့် ပြောတော့ သက်ဦး ပြုံးစေ့စေ့ ဖြစ်သွားသည်။

ဘွားတော် လက်တစ်ဖက်က  ခါးထောက်လိုက်ပြီး လက်ထဲက ပန်းကန်ကို စားပွဲပေါ် ချလိုက်သည်။

"ဟဲ့…နင်က ပိန်ညောင်နေတာပဲ..လက်ဖက်အစပ်တွေနဲ့ချည်း စားရလို့ ဆေးရုံလည်း ရောက်ပြီးပြီ…အားရှိအောင် ကြက်သားပြန်ကျွေးနေတာကို ဟင်းက ရွေးနေပြန်ပြီ…ဘာလဲ ငါးဟင်း စားချင်လို့လား.."

"အာ..မစားပါဘူးဗျာ…ဟူး…"

"အဲ့မှာစား…စကားမများနဲ့..လိုအပ်လို့ကျွေးနေတာ…"

"…….."

ဘွားတော် အခန်းထဲက ထွက်သွားတော့ တိုးနိုင်က ပန်းကန်ကို ဆွဲယူပြီး နှာခေါင်းရှုံ့သည်။

မိုးထက်က ဇွန်းဖြင့်ခပ်ကြည့်ရင်း တခွီးခွီး ရယ်နေသေးသည်။

"မင်းကလည်းကွာ..ဒီလောက် ကြက်သားအများကြီးနဲ့ ကြော်ပေးထားတာပဲ..စားလိုက်စမ်းပါ…"

"ခေါက်ဆြွဲ့ပုတ်ကိုများ ကြက်သားနဲ့ ပြန်ကြော်ရတယ်လို့ဗျာ…ဘဲဥပုတ် က ကျွန်တော့်ကို မကျေနပ်လို့ အပြီးသတ်နေတာလား မသိပါဘူး.."

တိုးနိုင်က စိတ်ပျက်လက်ပျက်ပြောပြီး သက်ပြင်းချလိုက်ကာ တစ်ဇွန်းခပ်လိုက် ပြန်ချလိုက်လုပ်နေသေးသည်။

"ဘွားတော်က မင်းကို တကယ်သနားပြီး ဂရုစိုက်နေတာ.."

"ဟင်…"

"အစ်ကို ပြောတာ ဟုတ်တယ်ကွ…ငါလည်း အဲလို ထင်တယ်…မင်းကိုတော့ တို့ဘဲဥကြီး ကြွေနေပြီထင်တယ်..ဟား..ဟား.."

မိုးထက် ပြောလိုက်တဲ့ စကားကြောင့် သက်ဦး စိတ်ထဲ အလို မကျဖြစ်သွားရင်း မျက်ခုံးလည်း တွန့်တက်သွားသည်။

မာယာဖြူဖြူTempat cerita menjadi hidup. Temukan sekarang