Part 6

7.6K 430 4
                                    

မာယာဖြူဖြူ

အပိုင်း(၆)

#မာယာဖြူဖြူ

06041237

"အစ်ကို့ တုပ်တုပ် သူ့ကို ပေးလိုက်ပြီပေါ့လေ…"

"ဟား…ဟား…"

"တော်တော့လေကွာ.."

"ကျွန်တော်တော့ တွေးမိတိုင်းရယ်နေရတာ ဗိုက်တောင်နာနေပြီ.."

"ငါလည်း မေ့နေတာ…ခဲနဲ့ပေါက်နေတာလည်း မသိပါဘူး.."

"ဘွားတော်ကြီးက သိလို့ အပြင်ထွက်သွားတာ …ကျွန်တော်တို့လည်း အစ်ကိုနဲ့ ဘာကွိုင်လဲ ဆိုပြီး ထကြည့်ကြတာ….သူက မျက်လုံးကြီးပြူးပြီး…တုပ်တုပ်ဆိုတော့…ဟား..ဟား…ဟီး…မရတော့ဘူး..တော်ပြီ..တော်ပြီ…ရယ်ရတာ များနေပြီ…"

"မကြားဖူးပါဘူးကွာ….သင်တန်းသင်ခန်းစာကို အဲ့မှာသင်ရတယ်လို့…"

"သူ့အကောင့်ရှိတယ်မလား…၀င်ကြည့်မယ်.."

"………"

မိုးထက်က သက်ဦးရဲ့ ဖုန်းကို ကောက်ယူပြီး ဖွင့်နေတော့ ခေါင်းရမ်းရင်း ရေချိုးခန်းထဲကို ၀င်လာခဲ့လိုက်သည်။

အကောင့်ဖွင့်ပေးတာလည်း မခက်ပါဘူး..။

သင်တန်းသွားမှ ပြောလည်း ရရဲ့သားနဲ့ ဘာတွေ လောနေမှန်းကို မသိဘူး..။

တိုးနိုင် နဲ့ မိုးထက် ပြောပြတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိပြီး ရေချိုးရင်း ရယ်နေမိသည်။

အူကြောင်ကြား ဘွားတော်ပဲ..။

"သြော်…သူ ပြောတာ ဒါတွေ အစ်ကိုရဲ့.."

မိုးထက်က ဖုန်းထောင်ပြတော့ အ၀တ်စညှပ်တာနဲ့ ချုပ်တဲ့ ဗီဒီယိုတွေ တွေ့ရသည်။

သက်ဦး အ၀တ်အစားလဲရင်း နားကြပ်ကို ကောက်တပ်လိုက်သည်။

"ဟလို…သဲလား….ကိုကို ထွက်လာတော့မယ်နော်…အဆင်သင့်လုပ်ထား..မစောင့်နိုင်ဘူးနော်.."

"အိုကေ.."

"ဟမ်….ကိုအငယ်လေး..ဘယ်ဖုန်းနဲ့ ပြောတာလဲ..ဒီဟာနဲ့ မဟုတ်ဘူးလား.."

မိုးထက်က သူ့လက်ထဲက ဖုန်းကို ကြည့်ရင်း ပြောတော့ ခေါင်းရမ်းပြီး မှန်ခုံပေါ်ကို မေးငေါ့ပြလိုက်သည်။

မာယာဖြူဖြူDonde viven las historias. Descúbrelo ahora