Chapter 1

3.6K 180 6
                                    

unicode
"Jimin ထတော့" ကျွန်တော့်ရဲ့အမေ အောက်ကနေအော်နေတာကြားလိုက်တယ်။

ကျွန်တော် ပျင်းစွာနဲ့ မျက်လုံးကိုပွတ်ပြီး ဖုန်းကိုကြည့်လိုက်တယ်

"သေရော!! အခု ၇နာရီထိုးနေပြီ.. ကျောင်းက ၈ နာရီမှာစတာ။ ငါ့ ပထမဆုံးနေ့မှာ ကျောင်းနောက်ကျလို့မဖြစ်ဘူး!!"
ကျွန်တော်က ကိုယ့်ဘာသာကိုပြောပြီးတော့ အိပ်ရာပေါ်ကနေမြန်မြန်ထလိုက်တယ်။

"Park Jimin နင်ထပြီလား?" ကျွန်တော့်အမေကအော်ပြန်ပြီ

"Nae Omma,ကျွန်တော်နိုးပါပြီ!" သူပိုကြားအောင်အော်လိုက်တယ်။

"မြန်မြန်လုပ်!" သူမကအော်လိုက်တယ်

သူက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်။

ရေချိုးခန်းထဲဝင်ပြီး မြန်မြန်ရေချိုးလိုက်တယ်။

မိနစ်အနည်းငယ်ကြာတော့ လှေကားအောက်ကိုဆင်းသွားပြီး မီးဖိုချောင်ထဲမှာ အမေ့ကို နှုတ်ဆက်လိုက်တယ်။

"Hey omma," သူ့ကိုဖက်ပြီးတော့ပြောလိုက်တယ်။

သူက ပြန်မဖက်ဘဲ ခေါင်းကိုဖြည်းဖြည်းလေးရိုက်လိုက်တယ်။

"မင်းနောက်ကျတော့မှာပဲ" သူကဆူတယ်။ "မင်းကအရမ်းနှေးတာပဲ!"

ကျွန်တော် မျက်စိကိုလှိမ့်လိုက်တယ်။ ကျွန်တော့်ရဲ့အိပ်ရာကို ဒီတစ်လောကက အရာတွေအားလုံးထက်အချစ်ဆုံးပဲ။ ကျွန်တော့်ရဲ့ ညီမလေးက မီးဖိုချောင်ကိုလာပြီး ကျွန်တော့်ကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်တယ်။

"ကိုကို့ရဲ့ ဆံပင်တွေက အီအီးနဲ့တူတယ်။"သူကပြောတယ်

ကျွန်တော်ကသူ့ကို အပြုံးတုပြပြီးတော့ " Momo,ညီမလေးရဲ့ ဆံပင်က ညစ်ပတ်တဲ့ ခြုံပုတ်တွေနဲ့တူတယ်။"

"Jimin ညီမလေးကို အနိုင်ကျင့်မနေနဲ့တော့" ကျွန်တော့်ရဲ့ အမေကအော်တယ်။

"ဒါပေမယ့် သား-"

"တော်ပြီ!" အမေက လက်ထောင်ပြီးပြောတယ် "သွား ကားထဲဝင်တော့"

သက်ပျင်းချလိုက်ပြီးတော့ သူပြောတဲ့အတိုင်းလုပ်လိုက်တယ်။သူကတခါတလေ ကျွန်တော့်ကို စိတ်ဆိုးအောင်လုပ်တတ်ပေမယ့် သူ့ကို ချစ်နေတုန်းပဲ။

Puzzle:Jikook (u&z) ✅Where stories live. Discover now