Unicode
(အသိပေးချက်: မှောင်မည့်အပိုင်းများပါမည်။ အဆင်မပြေလျှင် မဖတ်ပါနှင့်)
၃ ပတ်ကြာသော်
"ငါ့ခြေထောက်တွေကောင်းလာပြီ" ကျွန်တော့်နားပတ်ပတ်လည်မှာ ရှိနေတဲ့ Momo နဲ့သူ့ငယ်ချင်းတွေကို ပြောလိုက်တယ်။
"ငါတို့နင့်ကို အရမ်းလွမ်းနေတာ။" ကျွန်တော့်ကို ဖက်ပြီးပြောနေတယ်။
ကျွန်တော်ရယ်လိုက်ပြီးတော့ "Jungkook ရော?"
"သူ ကျောင်းကိုမလာတာ ၂ ပတ်ရှိပြီ။" သူမရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ကပြောတယ်။
ထူးဆန်းတယ်။ သူမပြောလိုက်တော့ ကျွန်တော်နည်းနည်းကြောက်သွားတယ်။ ကျွန်တော် ထလိုက်ပြီးတော့ ကျောင်းပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဂိတ်လဲရောက်ရော Anna ကကျွန်တော့်ကို ခေါ်လိုက်တယ်။
"ခဏလေး!" သူမကအော်လိုက်တယ်။
ကျွန်တော်ဂိတ်မှာရပ်လိုက်တယ်။ သူမရောက်လာမှာကို စိတ်မရှည်ပဲ စောင့်နေတယ်။
"သူ အခုအိမ်မှာ မဟုတ်ဘူး။" အသက်မနည်းရှူနေရပြီး သူမကပြောတယ်။
ကျွန်တော်က စိတ်ရှုပ်သွားတဲ့ပုံလုပ်ပြီး "ဟင်?"
"ဝမ်းနည်းတာတို့ ဒေါသထွက်တာတို့ဆိုရင် သူက ငါတို့ ငယ်ငယ်တုန်းက သွားလေ့ရှိတဲ့ နေရာကို သွားလေ့ရှိတယ်။" သူမက ရှင်းပြတယ်။
"အိုး အဲ့နေရာက ဘယ်မှာလဲ?"
"သူဘယ်မှာ နေလဲရော သိလို့လား?" သူမမေးတော့ ကျွန်တော် ခေါင်းခါလိုက်တယ်။
"အရူး!" သူမက စလိုက်တယ်။ ပြုံးပြီးတော့ "လာခဲ့။ ဘယ်မှာလဲဆိုတာပြမယ်။"
ကျွန်တော့်ရဲ့ လက်ကိုကိုင်ပြီး ကျွန်တော်မသိတဲ့နေရာကို ကျောင်းကနေခေါ်သွားတယ်။
..................................Anna နဲ့ ကျွန်တော် ၂၀ မိနစ်လောက်လျှောက်ပြီး တစ်နေရာရာကို ရောက်သွားတယ်။
"အမ်, ငါတို့ရောက်နေတဲ့ နေရာကမှန်ရဲ့လား?"
"မှန်တယ်။" သူမကပြုံးပြတယ်။ "ဒီလမ်းအတိုင်းလျှောက်သွားရင် သူ့ကိုတွေ့လိမ့်မယ်။"
YOU ARE READING
Puzzle:Jikook (u&z) ✅
Fanfictionအချစ်စစ်ဆိုသည့်အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပ်ိုင်ဆိုင်ရတာပါလား..? uni and zawgyi အခ်စ္စစ္ဆိုသည့္အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပိုင်ဆိုင်ရတာပါလား..? uni and zawgyi