Chapter 11

443 27 2
                                    

Unicode

"အိုကေ လန့်စရာတွေတော့ဖြစ်သွားပြီ။" အဖေကပြောတယ်။ "ဒရာမာ ပြီးသွားတာ မိန်းမတစ်ယောက် ရူးသွားအောင် လုပ်နိုင်တယ်ဆိုတာ ဘယ်သူသိလဲ?"

"တောင်းပန်တယ်။ငါ ပိုသွားတယ်။" အမေကပြောတယ်။

"တကယ်ပဲ!" ကျွန်တော်သက်ပြင်းချပြီးပြောလိုက်တယ်။

အမေက သူမရဲ့ အကြိုက်ဆုံး ဒရာမာပြီးသွားလို့ ရူးသွားတာ။သူမ ရူးတယ်ဆိုတာ ကျွန်တော်လဲသိပါတယ်။ ဒါပေမယ့် ဒီလောက်ထိတော့ မရူးသင့်ဘူး။ သူမ ဧည့်ခန်းတစ်ခန်းလုံးကို ဖျက်ဆီးပြီး ကိုယ့်ဘာသာကိုတောင် ဒါကြောင့် ဓားနဲ့လှီးတယ်တဲ့။ သူမတော့ အကူအညီလိုနေပြီ။

"မေမေ,သားဒါကိုပြောရတာတောင်းပန်ပေမယ့် မေမေ စိတ်ရောဂါ ကုဆရာဝန်နဲ့တွေ့ဖို့လိုနေပြီ။ မေမေ Momo ကြောက်အောင်တောင် လုပ်ခဲ့တယ်။ဖေဖေဒီနေ့ အိမ်စောစောပြန်လာလို့တော်သေးတယ်။ နို့မို့ဆိုရင် Momo သေနေလောက်ပြီ။ ကိုယ့် ၆ နှစ်သမီးလေး ကို ဘယ်သူက ထိုင်ခုံနဲ့ ပစ်ပေါက်မှာလဲ?" ကျွန်တော် ခေါင်းခါပြီးပြောလိုက်တယ်။

"ဒါက..ငါ..တိတ်တိတ်နေစမ်းပါ! အိုကေ! ငါဘာဖြစ်သွားခဲ့လဲမသိဘူး။" သူမကပြောတယ်။

ကျွန်တော့်အဖေက သက်ပြင်းချပြီး "ငါဘာလို့ဒီ ရူးနေတဲ့မိန်းမကို လက်ထပ်မိလဲမသိဘူး။"

"ဒီရူးနေတဲ့ မိန်းမကို အရင် ၅ နှစ်တုန်းကပဲ ရှင်ချစ်တာလေ။ဒီရူးနေတဲ့ မိန်းမက ကလေး ၃ ယောက်မွေးခဲ့တယ်။ ရူးနေတဲ့ ဆရာဝန်ကိုပဲ ကျေးဇူးတင် တစ်ယောက်သေသွားခဲ့တယ်။ဒီရူးနေတဲ့ မိန်းမကပဲ ရှင့်မှာ ဘာမှမရှိတော့တဲ့ အချိန် နေပေးခဲ့တာလေ။ ဒီရူးနေတဲ့ မိန်းမကပဲ ရှင့်ကို သေတဲ့အထိချစ်တာ ဒါပေမယ့် ဒီရူးနေတဲ့မိန်းမ ကိုယ့်ယောကျ်ားလို့ သက်မှတ်တဲ့လူက ကိုယ့်ကို ပြန်မချစ်ဘူးလေ။" သူမက ငိုပြီးပြောတယ်

ကျွန်တော်သူမဆီသွားပြီး သူမကို တင်းကြပ်စွာဖက်လိုက်တယ်။သူမ ဒီလို ခံစားနေရတယ်ဆိုတာ လုံးဝမသိခဲ့ဘူး။

"ရှူး...အဆင်ပြေသွားမှာပါ။"သူမရဲ့ခေါင်းကို ပုတ်ပြီး ပြောလိုက်တယ်။ "အကုန်လုံးအဆင်ပြေသွားမှာ"

Puzzle:Jikook (u&z) ✅Where stories live. Discover now