Chapter 19

375 20 3
                                    

Unicode

"ငါဘယ်မှာလဲ?" ကျွန်တော် ဟိုကြည့်ဒီကြည့်ပြီး မေးလိုက်တယ်။

"မင်းငါ့အိမ်မှာ။" ကျွန်တော် သိနေတဲ့ကောင်လေးတစ်ယောက်ကပြောတယ်။

"Tae?ငါဒီကိုဘယ်လိုရောက်လာတာလဲ?ဘယ်အချိန်ကလဲ?"

"ငါမင်းကိုကားမှတ်တိုင်မှာတွေ့တာ။ နေရာတိုင်းမှာ ဒဏ်ရာတွေကြီးပဲ။ သွေးတွေလဲထွက်နေတော့ ငါတစ်ခုခုလုပ်ဖို့လိုတယ်လေ။ အဲ့တော့ ငါမင်းကိုအိမ်ခေါ်လာခဲ့တာ။ ကံကောင်းလို့ ငါ့အမေကအိမ်မှာရှိပြီး မင်းဒဏ်ရာတွေကုပေးခဲ့တာ။" သူပြောပြီးလဲပြီးရော ပြုံးပြတယ်။

"အိုး ကျေးဇူးပဲကွာ"

"သားဘယ်လိုနေလဲ?" အန်တီကြီးတစ်ယောက်ကမေးတယ်။ Tae အမေနဲ့တူတယ်။

"သား ကောင်းလာပါပြီ။ ကျေးဇူးပါ အန်တီ"

"Taehyung မေမေအလုပ်သွားတော့မယ်။ သားသူငယ်ချင်းကို ဂရုစိုက်ပြီး သူ့မိဘတွေ ခေါ်လိုက်နော်။"

"ဟုတ် တာ့တာ မေမေ" သူပြောပြီး သူ့အမေ့ကို ဖက်လိုက်တယ်။

ခုံတန်းရှည် ပေါ်မှာ သူက ကျွန်တော့်ဘေးလာထိုင်ပြီး ကျွန်တော့် ဒဏ်ရာတစ်ခုကို လက်နဲ့တို့ကြည့်တယ်။ သူထိတော့ ကျွန်တော် တုန်သွားတယ်။

"တကယ် နာတာလား?" သူကမေးတယ်။

ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။ သူက စားပွဲပေါ်က ဖုန်းကိုယူလိုက်တော့..

"မင်း ဘာလုပ်နေတာလဲ?" ကျွန်တော် မေးလိုက်တယ်။

"မင်း မိဘတစ်ယောက်ရဲ့ ဖုန်းနံပါတ်ပေး။ မင်းအိမ်ပြန်ရမယ်လေ။"

"မရဘူး။"

ကျွန်တော်က အစတည်းက အိမ်ထဲကအိမ်ပြင် ထွက်လို့ရတာမဟုတ်ဘူး။ မေမေသိသွားရင် ကျွန်တော် သေလိမ့်မယ်။

"ဘာလို့ မရတာလဲ?" သူမေးတယ်။

"ငါ..ငါ မမှတ်မိဘူး။" ကျွန်တော် လိမ်လိုက်တယ်။ သူယုံကြည်မည်လို့ ရည်စူးရင်း..

"ပြီးရော" သူပြောပြီး ထလိုက်တယ်။ "ငါပဲ မင်းကို အိမ်ပြန်လိုက်ပို့ပေးတော့မယ်။"

Puzzle:Jikook (u&z) ✅Dove le storie prendono vita. Scoprilo ora