Chapter 18

394 19 0
                                    

Zawgyi

ကျွန်တော်လည်း အိပ်ရာပေါ်မှာ ခေါင်းအုံးနှစ်အုံးထားပြီး အပေါ်မှာ စောင်ခြုံလိုက်တယ်။ တိုးတိုးလေး ပြတင်းပေါက်တံခါးကိုဖွင့်လိုက်ပြီး အပြင်ကို ထွက်လိုက်တယ်။ ဖြည်းဖြည်းချင်း နံရံပေါ်ကနေအောက်ဆင်းပြီး မြေကြီးပေါ်ကို အန္တရာယ်ကင်းစွာရောက်သွားတယ်။ ခြံဝင်းထဲမှာ ပြေးပြီး Jungkook အိမ်ကို တမ်းသွားလိုက်တယ်။ သူဒီနေ့ကျောင်းမသွားမှန်းသိသာတယ်။ဝမ်းနည်းပြီး ဒေါသတွေထွက်နေမှာပေါ့။ ကျွန်တော်သူ့အိမ်ရောက်သွားပြီး ပြတင်းပေါက်ကနေချောင်းကြည့်လိုက်တယ်။သူက ဆိုဖာပေါ်မှာ လှဲနေပြီး မျက်နှာကြက်ကိုကြည့်နေတာ။

တံခါးဆီသွားပြီး တံခါးခေါက်လိုက်တယ်။ သူပြန်မဖြေဘူး။ တံခါးလက်ကိုင်ကိုလှည့်လိုက်တော့ တံခါးကပွင့်သွားတယ်။

"Jungkook" ကျွန်တော်ပြောတော့ သူက ဆိုဖာပေါ်ကထလိုက်တယ်။ "ငါမင်းနဲ့စကားပြောလို့ရမလား?"

"သွားတော့။" သူပြောတော့။ "အခုချက်ချင်းသွားနော်။ မဟုတ်ရင် ငါမင်းကို ထိုးမှာ။"

ကျွန်တော်လန့်သွားပြီး "မင်းမထိုးဘူးမလား?"

"မထိုးရဲဘူးမှတ်နေလား?"

"ကျေးဇူးပြုပြီးကွာ။ နားထောင်ပေးစမ်းပါ။"

"မင်းငါ့ကို ဘယ်လို ဖြေရှင်းချက်မျိူးပေးမှာလဲ? မင်းဘာပြောမှာလဲ? ငါတောင်းပန်ပါတယ်? မင်းအဲ့ဒါပြောမယ်ဆိုရင်, အဲ့မှာ $တံခါးရှိတယ်။ ထွက်သွား"

သူ့စကားတွေကြောင့် ကျွန်တော်လန့်သွားတယ်။ ဒါပေမယ့် ကျွန်တော်က ဘာမှမဖြစ်သလို နေလိုက်တယ်။

"မရဘူး။ မင်းငါ့ကိုနားထောင်ရမှာပဲ။"

သူကရယ်တယ်။ "သွားတော့။ မဟုတ်ရင် ငါ့သူငယ်ချင်းတွေဒီရောက်ရင် မင်းကို သေအောင်ထိုးလိမ့်မယ်။"

"ငါဂရုမစိုက်ဘူး။ မင်းကို နားပဲနားထောင်စေချင်တာ။"

ကျွန်တော်သူ့ဆီသွားပြီး သူ့လက်ကိုကိုင်လိုက်တယ်။ သူကကျွန်တော့်ကို အောက်တွန်းချလိုက်တယ်။

"ငါမင်းကိုချစ်တယ်။" ကျွန်တော်မျက်ရည်တွေဝဲပြီးပြောလိုက်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now