Unicode
"ဂျီမင်း!" ကျွန်တော့်အမေ ဒေါသကြီးစွာနဲ့ အော်နေတာကြားလိုက်တယ်။ "ဒါဘာလဲ?"
ကျွန်တော်မျက်လုံးပွတ်လိုက်ပြီး သူမပြနေတဲ့ ဖုန်းထဲကဟာကို ကြည့်လိုက်တယ်။
ဟယ်လို Mrs.Park. အမရဲ့ သား ဂျီမင်းဟာ ကျွန်မတို့ ကျောင်းမှာ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုကိုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်သူ မနက်ဖြန်ကျရင် ကျွန်မတို့ကျောင်းကို သန့်ရှင်းလုပ်ရပါမယ်။ပြီးတော့ အကြွေးဆပ်ရပါမယ်။ဒါပါပဲ။ ကောင်းတဲ့နေ့လေး ပိုင်ဆိုင်နိုင်ပါစေရှင့်။
~ကျောင်းအုပ်ကြီး Kimကျွန်တော်လန့်သွားပြီး သူမက ကျွန်တော့်ခေါင်းကိုရိုက်တယ်။
"မင်းဘာလုပ်ခဲ့တာလဲ?" သူမကလက်ပိုက်ပြီးမေးတယ်။
"ဟိုဟာ..ဒါက Momo လုပ်-"
"မင်းညီမကို အပြစ်မတင်နဲ့" သူမကအော်တယ်။ "ဒါ မင်းရဲ့အမှားတွေပဲ"
"မင်းကျောင်းကနေပိုက်ဆံခိုးလာတာလား?" သူမက မျက်ခုံးတစ်ဖက်ပင့်တင်ပြီးပြောတယ်။
"ဘာ?မဟုတ်ဘူး!သား သူခိုးမဟုတ်ဘူး။" ခေါင်းခါပြီးပြောလိုက်တယ်။
"အဲ့ဒါဆိုဘာလို့ သူတို့ကို ပိုက်ဆံပေးရမှာလဲ?"
"ဘယ်သိမလဲ?မေမေပဲသွားမေးပါလား?" ကျွန်တော်ကြောက်ကြောက်နဲ့ပြောလိုက်တယ်။
.........................."ဘာဖြစ်သွားတာလဲ?" ကျွန်တော်ခေါင်းကိုပွတ်ပြီးပြောလိုက်တယ်။
ကျွန်တော် ဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ မေမေ စိုက်ကြည့်နေတာကို တွေ့လိုက်တယ်။
"အိပ်မက်တွေကြားကနိုးထလာတယ်ဟုတ်လား?" သူမက မကောင်းဆိုးဝါး မျက်နှာကြီးနဲ့ မေးတယ်။
"အိပ်မက်မက်နေတယ်လို့မထင်ဘူး။" ကျွန်တော့်ခေါင်းကို ထိနေပြီး ပြောလိုက်တယ်။ "ရူးနေတဲ့ မိန်းမကြီးက ဓါးနဲ့ သားနောက်လိုက်နေတာကိုတွေ့တယ်။အဲ့မိန်းမကြီးက..." ကျွန်တော်စကားပြောနေတာရပ်လိုက်တယ်။ ကျွန်တော့် အိပ်မက်ထဲက မိန်းမကြီးက ကျွန့်တော် အမေဖြစ်နေလို့။
YOU ARE READING
Puzzle:Jikook (u&z) ✅
Fanfictionအချစ်စစ်ဆိုသည့်အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပ်ိုင်ဆိုင်ရတာပါလား..? uni and zawgyi အခ်စ္စစ္ဆိုသည့္အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပိုင်ဆိုင်ရတာပါလား..? uni and zawgyi