Chapter 5

741 40 0
                                    

Unicode

"မေ-မေ-မေမေ" ကျွန်တော်ပြောလိုက်တယ်။

"ငါ့ကို လာမခေါ်နဲ့" သူမက စိတ်တွေဆိုးနေပြန်ပြီ။

"သားတောင်ပန်ပါတယ်။" ကျွန်တော်ပြောပေမယ့် ဂရုမစိုက်ဘူး။

သူနာပြုက ဝှီးချဲ နဲ့လာပြီး အမေရဲ့ အကူအညီနဲ့ ကျွန်တော် အဲ့အပေါ်ထိုင်လိုက်နိုင်တယ်။ ဝှီးချဲကိုကားထဲထည့်လို့ရအောင် ကျွန်တော့်ကိုထခိုင်းတယ်။

"နာတယ်" မေမေကျွန်တော့်ကိုကားထဲထည့်နေတုန်းမှာ ပြောလိုက်တယ်။

"အားးးးးးး" သူမကပြောပြီးတော့ တံခါးကို ကြမ်းတမ်းစွာပိတ်လိုက်တယ်။

ကားထဲမှာ သွားနေရင်းနဲ့ တိတ်ဆိတ်နေတယ်။

"ဘယ်သွားနေတာလဲ?" ကျွန်တော်မေးလိုက်တယ်။

သူမကကျွန်တော့်ကို ဂရုမစိုက်ဘဲ လမ်းပေါ်မှာပဲ အာရုံစိုက်ထားတယ်။

"အိမ်ပြန်နေတာလား?" အဖြေကိုရအောင်လို့ မေးတယ်။

လျှစ်လျူရှုနေတုန်းပဲ။ ကောင်းပြီလေ,ကျွန်တော့်သူ့ကို စိတ်ရှုပ်ထွေးတယ်ဆိုတာ ဘာကိုပြောလဲ ပြမယ်။

"မနေ့က မေမေသားရဲ့ devices တွေယူသွားတော့ သားဘာလုပ်တယ်ထင်လဲ? အိပ်ရာပေါ်မှာ ခုန်နေပြီးတော့ ဆဲတယ်။ ဟုတ်တယ် မှန်တယ်။ သားဆဲခဲ့တယ်။ သားဘယ်လိုဆဲခဲ့လဲသိလား? ဟုတ်ပြီ။ ပြောပြမယ်။ သား ဖေ-"

"ပြောကြည့်လေ" မှန်ထဲကနေ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။

တံတွေးမျိုချပြီးတော့ " ဖေ..ဖေ...ဖေဖေ လို့"

သူကျွန်တော့်ကို ကြည့်ပြီးရယ်တယ်။ ဘာလဲဟ?

"ဘာလို့ရယ်နေတာလဲ?" စိတ်ဆိုးပြီးပြောလိုက်တယ်။

"မင်းကသူရဲဘောကြောင်တာပဲ" သူမပြောတော့ ကျွန်တော် မျက်လုံးပြူးသွားတယ်။

"ဒါ...ဒါပေမယ့်" ပြောဖို့စကားလုံးတွေရှာနေတယ်။

"ဒါပေမယ့် ဘာဖြစ်လဲ?" သူမကမေးတယ်။

"သား အား... ဘာမှမဟုတ်တော့ဘူး အိုကေ ကားသာမောင်းတော့" ကျွန်တော်ပြောပြီး ပြတင်းပေါက်ကိုပဲ ကြည့်နေတော့တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now