Chapter 9

479 26 3
                                    

Unicode

ကျွန်တော်ဘောင်းဘီပြန်ဝတ်ပြီး သူ့ကို စိုက်ကြည့်နေမိတယ်။

"မင်းဒါကိုဘယ်သူမှပြောပြလို့မရဘူး။" သူကပြောတယ်။

"ဟင်?" ပြောလိုက်တယ်။

"ဘယ်သူမှ ငါတို့.....မသိသင့်ဘူး။မဟုတ်ရင် မင်းသေမယ်။" သူက ကုတင်ပေါ်ကနေထပြီး ပြောတယ်။

ကျွန်တော်တံတွေးမျိုချလိုက်ပြီးတော့ "အဲ့တော့....မင်းငါ့ကို ကြိုက်လား?"

"မကြိုက်ဘူး" သူပြောပြီး ထွက်သွားတယ်။

ကျွန်တော့်ကို သေနတ်နဲ့ပစ်လိုက်သလိုပဲ။ ကျွန်တော် အိမ်လေးဆီက ထွက်ပြီးတော့ သူ့နောက်လိုက်တယ်။ သူက ရပ်တောင်မရပ်ပဲ ကျွန်တော့်ရဲ့ အသည်းပိုကွဲအောင်လုပ်တယ်။

ကျွန်တော် ခြုံပုတ်တွေကြားထဲက မနည်းဖြတ်ပြီး လမ်းမကြီးကိုရောက်လာတယ်။ အသက်ကို မနည်းရှူနေရတယ်။ ကျွန်တော့်ပါးပေါ်မှာကျနေတဲ့ မျက်ရည်တွေကို သုတ်ပြီး အိမ်ဆီတန်းပြေးသွားတယ်။ ကျွန်တော့်အခန်းထဲပြေးပြီး တံခါးလော့(ခ်)ချလိုက်တယ်။ ကျွန်တော့်ရဲ့ဘဝကို အရမ်းမုန်းတာပဲ။

"သေလိုက်စမ်း Jungkook" ကျွန်တော် ဖိနပ်တွေကို ကန်ချွတ်နေပြီးပြောလိုက်တယ်။ "ငါမင်းကို စောက်ရမ်းမုန်းတယ်။"

ကျွန်တော် အိပ်ရာပေါ်ကို လှိမ့်လိုက်တာ အောက်ကိုပြုတ်ကျသွားတယ်။

"မင်းလဲသေစမ်း!" ကျွန်တော် အိပ်ရာကိုပြောပြီး ကန်လိုက်တယ်။ ဆိုးတဲ့ အကြံ။

ကျွန်တော် နာတာကခြေထောက်ကနေ ဗိုက်ထိရောက်လာတယ်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ကျွန်တော် အခန်းထဲကထွက်ပြီး လှေကားပေါ်က ပြုတ်ကျပြန်တယ်။ ဘုရားရယ်, ဒီနေ့က ဘာကိစ္စအဲ့လောက်တောင်ဆိုးရတာလဲ? ကျွန်တော် သက်ပြင်းချပြီး ခေါင်းကိုပွတ်နေရင်းထလိုက်တယ်။ မီးဖိုချောင်ထဲသွားပြီး ကြောင်အိမ်ကို ဖွင့်လိုက်တယ်။

ချောက်!

ကြောင်အိမ်ကတံခါးကကျွန်တော့်ကို ခိုက်မိတယ်။ ကျွန်တော် အဲ့ဒါကို ကျိန်ဆဲလိုက်ပြီး ပိတ်လိုက်တယ်။ ဒါပေမယ့် ပိတ်လိုက်တာကြမ်းသွားတော့ ပြန်ပွင့်လာပြီး ကျွန်တော့်ခေါင်းကို လာရိုက်မိပြန်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now