Chapter 21

507 23 18
                                    

Unicode

-၂ နှစ်ကြာသော်-

"ဒီနေ့ ညီမလေးမွေးနေ့ပဲ။" ကျွန်တော် ညီမလေးရဲ့ သင်္ချိုင်းမှာ ဒူးထောက်ပြီး ပြောလိုက်တယ်။ "ညီမလေး ဒီနေ့ဆို ၈ နှစ်ပြည့်ပြီး နင်ငါ့ကို နှောင့်ယှက်နေမှာ သေချာတယ်။" ကျွန်တော် တို့ပျော်ခဲ့တာ တွေ စဥ်းစားပြီးတော့ ဆက်ပြောတယ်။ "လွမ်းလိုက်တာ။ ညီမလေးကို လွမ်းတယ်။ ညီမလေးကို အရူးလိုလိုက်ဖမ်းရတာ လွမ်းတယ်။ ညီမလေးကို အော်ရတာလဲလွမ်းတယ်။ သေစမ်း။ ညီမလေးကြောင့် ဒုက္ခရောက်ရတာကို ပိုလွမ်းတယ်။"

ဒီမှာပဲ ငိုမိလိုက်တယ်။ အဲ့ကိစ္စဖြစ်ပြီး နှစ်ရက်အကြာမှာ ဘူဆန်ကိုပြောင်းပြီး Momo ကိုဒီမှာ မြုပ်လိုက်တယ်။ ဖေဖေလည်း မေမေထိုးလိုက်တဲ့ ဓါးကြောင့် အတွင်းအင်္ဂါ တွေ ပျက်ဆီးပြီး ဆုံးသွားတယ်။ မေမေက တချိန်လုံးပျော်နေသလို ဟန်ဆောင်နေပေမယ့် သူမ တော်တော် ဝမ်းနည်းနေတာကိုသိတယ်။ ကျွန်တော်တို့ ပိုရင်းနှီးလာလို့ ပျော်မိတယ်။ အကုန်လုံးကို တူတူလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ဂရုစိုက်ပေးဖြစ်လာကြတယ်။ သူမကသာ ကျွန်တော့်ရဲ့နောက်ဆုံး မိသားစုဝင်ပါ။ ကျွန်တော် တစ်ခါချစ်ခဲ့ဖူးတဲ့ လူတွေအားလုံး ကထွက်သွားကြပြီး ကျွန်တော်လည်းဘာမှမလုပ်နိုင်ဘူးလေ။ အခု ကျွန်တော် ၁၈ နှစ်ရှိပြီဆိုတော့ ရင့်ကျက်လာပြီး တာဝန်လဲရှိလာပြီ။

ကျွန်တော် Momo ရဲ့ သင်္ချိုင်းပေါ်မှာ ကျွန်တော်တို့ပုံလေးထားလိုက်တယ်။ ကျွန်တော် သူမကို ပထမဆုံးချီတုန်းက ပုံလေး.. ကျွန်တော်က အဲ့တုန်းက ၁၀ နှစ်ပဲရှိသေးတော့ ကလေး ဘယ်လိုချီရမလဲမသိဘူး။ ပြုံးရင်း ထပြီး အိမ်ပြန်လိုက်တယ်။

အိမ်ပြန်နေတဲ့အချိန်မှာ ရေခဲမုန့်ဆိုင်ရှေ့မှာ ငိုနေတဲ့ ကလေးမလေး တစ်ယောက်ကိုတွေ့တယ်။ သူမဆီသွားပြီး သူမရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်တယ်။

"ဘာလို့လဲ? မိဘတွေရော?" ကျွန်တော်မေးလိုက်တယ်။

"မသိဘူး။" သူမကပြောပြီး အကျယ်ကြီး အော်ငိုတယ်။

"ရှူး။ ကိုကို ရှာပေးမယ်နော်။" လို့ပြောပြီး သူမကို ကြင်နာစွာ ဖက်လိုက်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now