Chapter 7

520 35 0
                                    

Unicode

"ဟိုင်း" သူကပြောပြီးတော့ အခန်းထဲတဖြည်းဖြည်းဝင်လာတယ်။

"အား..ဟိုင်း" နည်းနည်ထိတ်လန့်ပြီး ပြောလိုက်တယ်။ "ဒီမှာဘာလုပ်နေတာလဲ?"

"ငါဒီကိုအား...မင်းကိုလာကြည့်တာ" သူ့ရဲ့ လည်ပင်းနောက်ကို ပွတ်နေပြီး ပြောလိုက်တယ်။

ပြုံးမိလိုက်ပြီး ကျွန်တော့်ရဲ့ ပါးတွေပန်းရောင်ဖြစ်သွားတယ်။

"ဘာမှမ လုပ်ရတာကလွဲလို့ အကုန်အဆင်ပြေပါတယ်။" ရယ်ပြီးပြောလိုက်တယ်။ "လာတုန်းက Anna ကိုတွေ့လိုက်လား?"

"အင်း.. မင်းအဆင်ပြေရင် ငါသွားတော့မယ်လေ" သူပြောပြီးထွက်သွားတယ်။

သူတံခါးလဲပိတ်ပြီးရော ကျွန်တော်ရင်ဘတ်ကိုထိလိုက်တယ်။ နှလုံးက အရမ်းခုန်နေတယ်။

ကျွန်တော် မအိပ်ချင်တော့ဘူး။ ကျွန်တော်ဖုန်းကိုထုတ်လိုက်တယ်။

"ဂျီမင်း" ကျွန်တော့်အမေခေါ်တာနဲ့ ဖုန်းကိုဖွက်လိုက်တယ်။

"ဟုတ်" ကျွန်တော်ဖြေလိုက်တယ်။

"ငါ အလုပ်သွားတော့မယ်။ မင်းလမ်းမလျှောက်နိုင်တော့ ဘယ်လိုရေချိုးမလဲ မသိဘူး။ သူနာပြုကိုခေါ်ပြီး လုပ်ခိုင်းလိုက်ရင်ကောင်းမယ်" သူမကပြောတယ်။

"မေမေရူးနေလား? သူများတွေ ကျွန်တော့်ရဲ့...ကိုမမြင်စေချင်ဘူး။ ဟုတ်တယ်! ပြီးတော့ ဖေဖေရော? သူသားကို မကူညီပေးနိုင်ဘူးလား?"

"သူရုံးကိုသွားပြီ။ ငါလဲသွားရမယ်။ ပြီးတော့ Momo ကိုလဲ ကျောင်းပို့ရမယ်။အဲ့တော့ ငါသူနာပြုကိုခေါ်ရမယ်။" သူမကပြောပြီး ထွက်သွားတယ်။

"အိုမား! မရဘူး!!!" ကျွန်တော်ထဖို့ကြိုးစားပြီး ငိုလိုက်တယ်။

ထပြီးတော့ တံခါးဆီလမ်းလျှောက်ဖို့ကြိုးစားတယ်။ ဆိုးတဲ့ အကြံညဏ်ပဲ! ကျွန်တော်မသိလိုက်ခင်မှာ ကြမ်းပြင်ပေါ်လဲကျနေပြီး နာလို့ငိုနေမိတယ်။

"အိုမား! ကယ်ပါဦး!" သူမကြားအောင်အော်လိုက်တယ်။

သူမက အခန်းထဲဝင်လာပြီး ကျွန်တော့်ကို မပြီး အိပ်ရာပေါ်တင်ပေးလိုက်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now