Chapter 17

354 19 0
                                    

Unicode

"သောက်လေ" Momo ကကျွန်တော့်ကို ပြောတယ်။

ကျွန်တော်တို့အခု အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ ပြည့်နေတဲ့ ကလပ်ထဲရောက်နေတာ။ ကျွန်တော် ကြောက်ကြောက်နဲ့ ခွက်ကို ယူပြီး အနံ့ရှူကြည့်လိုက်တယ်။

"နင်သောက်တာ ဒါပထမဆုံးလား?" Momo က ကနေရင်းနဲ့မေးတယ်။

ကျွန်တော်ခေါင်းငြိမ့်တော့ သူမကရယ်တယ်။ "သောက်ကြည့်စမ်းပါ။"

ကျွန်တော် ပြင်းတဲ့ အရက်တစ်ခွက်ကို ရှူကြည့်လိုက်တယ်။ အရမ်းပြင်းလွန်းတယ်။ သည်းခံပြီး သောက်ကြည့်လိုက်တယ်။ သောက်လဲသောက်ပြီးရော ချောင်းဆိုးပြီး ရေတောင်းလိုက်တယ်။ ကျွန်တော့်ရဲ့ လည်ချောင်းကပူနေပြီး မီးလောင်နေသလိုခံစားရတယ်။

Momo လက်ထဲက ရေခွက်ကို ယူလိုက်ပြီး အသည်းအသန်သောက်လိုက်တယ်။

"ဘာလို့အဲ့လောက်ပူရတာလဲ?" ကျွန်တော်မေးလိုက်တယ်။

"ခံစားလို့မကောင်းဘူးလား? " သူမက သူမရဲ့ လက်ကို သူမ တင်ပါးပေါ်တင်ပြီး ပြောတယ်။

"ကောင်းတယ်။" ကျွန်တော်ပြောလိုက်တယ်။ "ခံစားလို့ကောင်းတယ်။ ငါနောက်တစ်ခွက်သောက်ချင်တယ် နဲ့တူတယ်။"

"တွေ့လား?ငါပြောတယ်။ နင်သောက်ချင်မှာပါလို့။" သူမကပြောပြီး နောက်တစ်ခွက်ပေးတယ်။

ကျွန်တော် မြန်မြနိမျိုချလိုက်ပြီး လည်ချောင်းပူတာကို လျစ်လျူရှုလိုက်တယ်။ တော်တော်များများသောက်ပြီူတဲ့ အချိန်မှာ ဒီခံစားချက်ကို ကြိုက်သွားပြီး ထပ်သောက်ချင်မိတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို ကတဲ့နေရာဆီခေါ်သွားတော့ ကျွန်တော်လည်း ကနေမိတယ်။

အဲ့လူကကျွန်တော်နဲ့ တူတူကနေပြီး ကျွန်တော်ကလည်းသူ့ရဲ့ ခါးကိုကိုင်ထားတယ်။ သူက မိန်းကလေးလား ယောက်ျားလေးလားဆိုတာမပြောနိုင်ဘူး။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ဘူး။ကျွန်တော်ကအရမ်းမူးနေတယ်။ ကျွန်တော်နဲ့ကနေတဲ့ လူကထွက်သွားပြီး နောက်တစ်ယောက်ကကျွန်တော်နဲ့လာကပြန်တယ်။ သူ့အနံ့ကို သိနေတယ်။ ကျွန်တော့် သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ဖြစ်မယ်။ ကျွန်တော်လည်း တွေးရတာ ခေါင်းကိုက်တာနဲ့ မတွေးတော့ပဲ ဆက်ကနေလိုက်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now