Unicode
Jungkook ကကျွန်တော်နဲ့ Anna ဆီရောက်လာပြီးတော့ Anna ကိုခေါ်သွားတယ်။
သူ့ရဲ့ ပြဿနာကဘာလဲ??
"ဟေး ငါ့ကိုလွှတ်စမ်းပါ!" Jk ရဲ့ ကြမ်းတမ်းတဲ့ ခေါ်ဆောင်မှုကနေ လွှတ်ဖို့ကြိုစားနေပြီး အော်လိုက်တယ်။
"မင်း သူနဲ့ဝေးဝေးမှာနေစမ်း" ကျွန်တော် သူ့ကို အေးအေးစက်စက်ပြောလိုက်တယ်။
သူကရယ်လိုက်ပြီးတော့ "မင်းကဘယ်သူလဲ?"
"Mr.Jungkook!" English ဆရာကခေါ်လိုက်ပြီးတော့ "မင်းဘယ်မှာလဲဆိုတာသိတယ်မလား?"
Jk ကသက်ပြင်းချလိုက်ပြီးတော့ "ပြီးရော! အပြင်မှာသွားပြောမယ်။"
ကျွန်တော် တံတွေးကိုမျိုချမိတယ်။ ကြောက်စိတ်ကိုမျိုချဖို့ကြိုးစားလိုက်တယ်။
ကျွန်တော်သူနဲ့အပြင်ကိုထွက်သွားပြီး အခန်းထဲကကျောင်းသားတွေကပါလိုက်လာတယ်။သူက ကားပါကင်ဆီ ကျွန်တော်တို့ကိုခေါ်သွားတယ်။
"မင်းကဘယ်သူလဲ?" သူကမေးတယ်။
အခုတော့, ကျောင်းရဲ့ ကျောင်းသားတစ်ဝက်လောက်က ကျွန်တော်တို့နားပတ်ပတ်လည်မှာ။ မပြောခင် သတ္တိရှိအောင်ကြိုးစားလိုက်တယ်။
"မင်း ဂရုစိုက်စရာမလိုဘူး။" ကျွန်တော်က ပြောလိုက်ပြီး
ကျောင်းသားတွေဆီက "အိုးးးးးးးး" ဆိုတာကြားလိုက်တယ်။သူကရယ်လိုက်တယ်။ "အော် ဒီကောင်ကရိုင်းသားပဲ" သူကပြောပြီးတော့ ကျွန်တော့်နားတိုးလာတယ်။ "အခုရောရိုင်းနိုင်ဦးမလားလို့ကြည့်ရအောင်"
ထပ်ပြီးသိလိုက်ရတာကတော့, ကျွန်တော်ကြမ်းပြင်ပေါ်ရောက်နေပြီ။ ကျွန်တော့်နှာခေါင်းကနာနေပြီးတော့ သွေးထွက်နေတာကို သိလိုက်ရတယ်။
"ပြန် မချနိုင်ဘူးပေါ့ ဟုတ်လား?" သူကရွဲ့သလိုပြောလိုက်တယ်။
ကျွန်တော့်စိတ်ထဲမှာ ဒေါသတွေအရမ်းထွက်နေပြီးတော့ ကျွန်တော့်သူ့အပေါ်ခုံအုပ်လိုက်တယ်။ သူ့ ကော်လံကိုကိုင်လိုက်ပြီး သူ့ကို ကြမ်းပြင်ပေါ်လှဲချလိုက်တယ်။ သူမထနိုင်ခင်မှာ ကျွန်တော်သူ့အပေါ်ကိုသွားပြီး သူ့ရဲ့ရင်ဘတ်ကို အခေါက်ခေါက်အခါခါ ထိုးလိုက်မိတယ်။ သူက ကျွန်တော့်ရဲ့ ခြေထောက်တွေကိုကိုင်လိုက်ပြီး သူ့ပေါ်ေ
ရာက်အောင်လုပ်လိုက်တယ်။ သူ ကျွန်တော့်ကို ဘေးကတွန်းလိုက်တယ်။
YOU ARE READING
Puzzle:Jikook (u&z) ✅
Fanfictionအချစ်စစ်ဆိုသည့်အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပ်ိုင်ဆိုင်ရတာပါလား..? uni and zawgyi အခ်စ္စစ္ဆိုသည့္အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပိုင်ဆိုင်ရတာပါလား..? uni and zawgyi