Unicode
"ဟေး" ကျောင်းထဲဝင်တဲ့အချိန်သူ့ကိုတွေ့တာနဲ့ ခေါ်လိုက်တယ်။ "စနေနေ့ကဘယ်လိုလဲ?"
"ကောင်းပါတယ်။" သူပြန်ပြောတယ်။ "မင်းဟာဘယ်လိုနေလဲ?"
ကျွန်တော်မျက်လုံးပြူးသွားပြီး "အကျယ်ကြီးမပြောနဲ့လေ ပြီးတော့ စနေနေ့က ငါမပါဘဲ ဘယ်လိုကောင်းတာလဲ?"
သူရယ်ပြီးတော့ "အေးလေ ကျောင်းမှာ မင်းအစား ငါသန့်ရှင်းရေးလုပ်ပေးပြီး အကြွေးလဲဆပ်ခဲ့တယ်။"
"မင်းဘာလုပ်ခဲ့တယ်?" ကျွန်တော်မယုံနိုင်ပဲမေးလိုက်တယ်။
"မင်းလုပ်ရမယ့်အလုပ်လုပ်ခဲ့တယ်လို့။" သူပြုံးပြီးပြောတယ်။ "အဲ့လောက်ကြီးလဲ ဝန်မကြီးပါဘူး။"
"မင်းနောက်နေတာလား?" ကျွန်တော်အော်လိုက်တယ်။ "အဲ့လောက် ဝန်မကြီးဘူးဟုတ်လား?အရမ်း ဝန်ကြီးတယ်ဟ။"
ကျွန်တော်သူ့ကိုဖက်လိုက်တယ်။ကျွန်တော်မှားလုပ်နေမိတာကိုသတိရပြီး လွှတ်ပေးလိုက်တယ်။
"ဆောရီး" ကျွန်တော်တိုးတိုးလေးပြောလိုက်တယ်။
"ဘာလို့လဲ? မင်ရည်းစားပဲဖက်ချင်သလိုဖက်ပေါ့။" သူကပြန်ပြောတယ်။
"ဟာ။ လာပါ။ သွားရအောင်။" ကျွန်တော်ပြောလိုက်တယ်။
ကျွန်တော်အရှေ့ကထွက်သွားတဲ့အချိန်မှာ သူက ကျွန်တော့်ကို အနောက်ကနေလာဖက်တယ်။
"ဘာလုပ်တာလဲ?" ကျွန်တော်မေးလိုက်တော့..
"ဘာလဲ?ကိုယ့်ရည်းစားကို ဖက်လို့မရဘူးလား?" သူကပြန်ပြောတယ်။
ကျွန်တော်သူ့ဘက်ပြန်လှည့်ပြီး ဖက်လိုက်တယ်။
"ချစ်တယ် Jeon Jungkook"
"ငါက ပိုချစ်တယ် Park Jimin"
ကျွန်တော့်ရဲ့ နှလုံးကြီး ၁၀ ချက်လောက်ခုန်သွားတယ်။
"လာသွားရအောင်။" ကျွန်တော်ပြောတယ်။
"ခဏနေပါဦီး" သူက ကျွန်တော့်ကို ဖက်ရင်းပြောတယ်။
"လာသွားမယ်။ အတန်းနောက်ကျလိမ့်မယ်။" ကျွန်တော်ပြန်ပြောလိုက်တယ်။
YOU ARE READING
Puzzle:Jikook (u&z) ✅
Fanfictionအချစ်စစ်ဆိုသည့်အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပ်ိုင်ဆိုင်ရတာပါလား..? uni and zawgyi အခ်စ္စစ္ဆိုသည့္အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပိုင်ဆိုင်ရတာပါလား..? uni and zawgyi