Chapter 6

598 36 6
                                    

Unicode

ငါ့ကိုကယ်ပါ။

အဲ့စကားလုံးတွေက ကျွန်တော့်ကို သေနတ်နဲ့ပစ်လိုက်သလိုပဲ။သူဘာလို့ ကျွန်တော့်ရဲ့အကူညီလိုတာလဲ? သူ့ကို စာပြန်ဖို့ ထိတ်လန့်မိပေယ့်ပြန်လိုက်တယ်။

Jm:ငါဘာလုပ်ပေးရမလဲ?

Jk: ငါ့ကိုတစ်ခုခုနဲ့ကူညီပေးဖို့လိုတယ်။

Jm:အိုကေ,ဘာလဲ?

Jk: Anna ကိုငါနဲ့ တွဲခိုင်း

Jm: ဘာ?! ရူးနေလား?

Jk: မင်းမလုပ်ချင်ရင်ရတယ်။ ဒါပေမယ့် ဒီနေ့မင်းကို ဘယ်သူကယ်ခဲ့လဲဆိုတာကိုတော့ သတိရ။

ကျွန်တော် သက်ပြင်းချလိုက်ပြီး ဆံပင်ကိုလက်နဲ့ သက်တင်လိုက်တယ်။

Jm:ကောင်းပြီ။ ဒါပေမယ့် ဘာလို့လဲ?

Jk: ဘာလို့လဲဆိုတော့ ငါပြောသလိုသာလုပ်စမ်းပါ။

Jm: အိုကေ..မနက်ဖြန်ကျရင် သူ့ကို ငါ့ဆီလာခိုင်းပြီး စကားပြောမယ်။

Jk: ကျေးဇူးပဲ။ ဘိုင့်

Jm: ဘိုင့် ကောင်းကောင်းအိပ်ပါ။

ကျွန်တော်သူ့ကို စာပြန်ဖို့စောင့်ပေမယ့် သူမပြန်ဘူး။ အိုး အေးလေ အနည်းဆုံးတော့ စာပို့လိုက်ရတာပဲ။ မေမေကျွန်တော့်ဆီလာနေတာတွေ့တာနဲ့ ဖုန်းကို အတွင်းခံဘောင်းဘီထဲ ထည့်လိုက်တယ်။ ကံကောင်းစွာနဲ့ ဖုန်းမမြည်လာတော့ဘူး။

"မင်းကို အပေါ်ပို့ဖို့ အချိန်ရောက်ပြီ။" သူမကပြောပြီးတော့ ကျွန်တော်ထဖို့ ကူညီပေးတယ်။

"ဖေဖေရော?" ကျွန်တော်ကမေးတယ်။ "သူကပိုသန်မာတယ်မလား?"

သူမက သက်ပြင်းချပြီးတော့ "သူ့မှာ ဂရုစိုက်ဖို့အလုပ်ရှိတယ်။ ပြီးတော့ ဟေး မင်းက မိန်းမတွေရဲ့ ခွန်အားကို လျှော့တွက်နေတာလား?"

ကျွန်တော်ရယ်လိုက်ပြီး "ဖြစ်နိုင်တယ်။"

နောက်ထပ်ခံစားလိုက်ရတာတော့ ခေါင်းကိုရိုက်ခံလိုက်ရတာပဲ။ ရုတ်တရက်ကြီး ခေါင်းမူးသွားတယ်။

"အား!" ကျွန်တော် အော်လိုက်တော့ သူမကရယ်တယ်။

"ဘာပဲဖြစ်ဖြစ်,မင်းကိုအပေါ်တင်ပေးရမယ်။" ကျွန်တော့်ရဲ့ လက်မောင်းကိုကိုင်ပြီး ပြောတယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now