Chapter 4

928 57 1
                                    

unicode
ကျွန်တော့်ရဲ့ အမေနဲ့ Momo က အဖေထက်ပိုစောပြီးပြန်လာတယ်။သူကအမြဲတမ်း အလုပ်များနေတယ်။

"Momo,အပေါ်တက်တော့။ မေမေပြီးရင်လာခဲ့မယ်။" သူမက Momo ကိုပြောလိုက်တယ်။ Momo ဆိုသည်မှာလည်းတက်သွားတာ ပြုတ်ပါကျတော့မယ်။

"အခု မင်း" သူမက ကျွန်တော့်ကို လက်ညှိုးထိုးရင်းပြောတယ်။

သူ့ရဲ့မျက်လုံးတွေမည်းလာတာကိုကြည့်ပြီး တံတွေးမျိုချမိတယ်။ သူကဒီအချိန်တွေဆိုရင်ကြောက်ဖို့ကောင်းတယ်။

"သ-သ-သား?" ကျွန်တော် စကားထစ်သွားပြန်တယ်။

သူမက နှုတ်ခမ်းတစ်ဖက်ကို ပင့်တင်လိုက်ပြီး "ဟုတ်တယ်။ မင်း! တီဗီ, ကွန်ပျူတာ,ဂိမ်းတွေ, ipad,mp3, ဖုန်းတွေ မကြည့်ရတော့တဲ့လူလေ"

ကျွန်တော်မျက်လုံးပြူးသွားပြီး "ဖုန်း? ဘာ? ဖုန်းကိုသိမ်းလို့မရဘူးလေ" ကျွန်တော်သူပြောတာကိုလန့်သွားပြီးပြောလိုက်တယ်။

သူမ ကသူမရဲ့လက်ကိုကျွန်တော့်ရဲ့ ပုခုံးပေါ်မှာ တင်ပြီး "သားရယ်, အမေသာသားဆိုရင် အဲ့ဖုန်းကို.... အခုချက်ချင်းပေးမှာပဲ!!"

သူမ ပြောတာနဲ့ ကျွန်တော့်ကိုယ်ပါတုန်သွားပြီး ဆန္ဒမပါနဲ့ ဖုန်းကိုထုတ်လိုက်ရတယ်။

နှုတ်တောင်မဆက်ရသေးဘူး ဖုန်းကိုယူသွားတယ်။ ကျွန်တော့်ဘဝကတော့...

"ခနလေး!" သူမ မထွက်သွားခင် ပြောလိုက်တယ်။

"ပြော?" သူမ ကပြောတယ်။

"မေမေက သီချင်းတွေပါယူသွားမှာလား?"

"ဟုတ်တယ်" ရိုးရိုးလေးပြန်ဖြေပြီး အပေါ်တက်သွားတယ်။

"ခနလေး,မရဘူး, မေမေ!" ကျွန်တော်အော်ပေမယ့် သူမက ဂရုတောင်မစိုက်ဘူး။ " မေမေ ကျေးဇူးပြုပြီး.."

"ဘာပဲဖြစ်ဖြစ်!" သူမကပြောပြီး Momo အခန်းထဲဝင်သွားတယ်။

သူမက တရားလွန်တယ်! ကျွန်တော် ကျွန်တော့်အခန်းထဲဝင်သွားတယ်။ လက်ကိုပိုက်လိုက်ပြီး ဆူပုတ်နေလိုက်တယ်။ ကျွန်တော့်အမေက အမေထက် လိုက်လိုက်စနေတဲ့ အမကြီးနဲ့တူတယ်။ အားးးးးးးးးးး

Puzzle:Jikook (u&z) ✅Unde poveștirile trăiesc. Descoperă acum