Chapter 15

407 23 0
                                    

Unicode

"ငါသွားရတော့မယ်။" Jungkook ကကျွန်တော့်ရဲ့ နှုတ်ခမ်းကနေ သူ့နှုတ်ခမ်းကိုခွာလိုက်ပြီးပြောတယ်။

ကျွန်တော်တို့ သင်္ချာပရောဂျက်လုပ်နေကြပေမယ့် အရေးကြီး ကိစ္စပေါ်လာတာနဲ့ အဲ့ဒါပဲလုပ်လိုက်တာ။

"မနက်ဖြန်လာမယ်မလား?" ကျွန်တော်မေးတော့ သူကရယ်တယ်။

"မနက်ဖြန်ကျရင် မင်းကျောင်းကိုသန့်ရှင်းရေးလုပ်ရမယ်လေ။" သူကသတိပေးတယ်။

ကျွန်တော် ဆူပုပ်တဲ့ရုပ်လုပ်လိုက်တော့ သူက ကျွန်တော့်ရဲ့ မေးစေ့ကို အပေါ်မော့လိုက်ပြီး နူးညံ့တဲ့ အနမ်းတစ်ပွင့်ခြွေလိုက်တယ်။

"စိတ်မပူပါနဲ့။ ငါကူညီပါ့မယ်။" မေးစေ့ကိုလွှတ်လိုက်ပြီး "ဒါပေမယ့် ငါအခုတကယ်သွားရတော့မယ် ဘိုင့်။"

"ဘိုင့်။" ကျွန်တော်ဆံပင်ကိုသပ်တင်ပြီးပြောလိုက်တယ်။အဲ့လိုလုပ်နေတာကို ရပ်ရတော့မယ်။

"ကိုကို!" Momo ကျွန်တော့်အခန်းထဲဝင်လာပြီး အော်တယ်။ "ကိုကိုရဲ့ ရည်းစားအိမ်ပြန်သွားတာတွေ့တယ်။"

ကျွန်တော်သူမဆီကို ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်တယ်။ "ပါးစပ်ပိတ်စမ်း ခွေးမလေး။"

"ဂျီမင်း" ကျွန်တော်အဲ့အသံကိုသိတယ်။ "မင်းညီမလေးကိုအော်နေတာရပ်ပြီး ခွေးမလေးလို့မခေါ်နဲ့စမ်း"

"ဒါပေမယ့်သား...ထားတော့။" ကျွန်တော်ပြောတော့ Momo ကလျှာထုတ်ပြတယ်။

"ကိုကို" ဒီတစ်ခါသူ တိုးတိုးလေးပြောတယ်။

"ဘာလဲ?"

"ညီမလေး တောင်းပန်ပါတယ်။"

ကျွန်တော်လန့်သွားပြီး "ဘာ?"

"ကိုကို့ကို ပြဿနာတွေအများကြီးတက်အောင်လုပ်မိတဲ့အတွက် ညီမလေးတောင်းပန်ပါတယ်။ ဒါ ညီမလေးရဲ့ အမှားတွေပါ။" သူမက နှပ်တစ်ရှုံ့ရှုံ့နဲ့ပြောတယ်။

ကျွန်တော် သူမရဲ့ လက်မောင်းကို ဆွဲပြီး သူ့ကိုဖက်လိုက်တယ်။ "မငိုပါနဲ့။ ဒါကိုကို့အမှားတွေလဲပါပါတယ်။"

"အဲ့တော့ ဒါကိုကို့အမှားဆိုတာ ဝန်ခံလား?"

"ဟုတ်တယ် ကိုကို့အမှားတွေ" ကျွန်တော်ပြောတော့ သူမငိုတာရပ်သွားပြီး မကောင်းဆိုးဝါးလို ထရယ်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now