Unicode
Tae ကကျွန်တော့်ကို လိုက်ရှာနေတယ်ကြားတော့ အိမ်ကနေ မြန်မြန်ထွက်လာလိုက်တယ်။ မေမေ့ကို သွားပြီလို့အော်ပြောလိုက်တော့ ဂရုစိုက်ဖို့ပြောတယ်။ ကားမပိုင်သေးတော့ ဒီ ရှုပ်ထွေးတဲ့ မြို့ကြီးကို မနည်းဖြတ်ကျော်လိုက်ရတယ်။
ကျွန်တော် Tae ကိုလိုက်ရှာပေမယ့် မတွေ့ဘူး။ စိတ်ပျက်ပြီး ဆံပင်ကိုသပ်တင်လိုက်တယ်။ လမ်းတွေထဲလျှောက်သွားပြီး ရင်းနှီးနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်။ မတွေ့ရတော့ဘူးလို့ ထင်နေတဲ့လူတစ်ယောက်ပေါ့။
"Anna" ကျွန်တော်အော်ပြီး သူမဆီပြေးသွားလိုက်တယ်။
သူမကပြုံးပြီး ကျွန်တော့်ဆီပြေးလာတယ်။
"ငါ နင့်ကိုအရမ်းလွမ်းနေတာ။" Anna ကပြောပြီး ကျွန်တော့်ကို မော့ကြည့်တယ်။
"ငါလဲလွမ်းပါတယ်။ ဒါပေမယ့် ဒီမှာဘာလုပ်နေတာလဲ?" ကျွန်တော် မေးလိုက်တယ်။
"ငါ့အမျိုးတွေကဒီမှာနေတာလေ။ ပြီးတော့ ငါတစ်ယောက်တည်းမဟုတ်ဘူး။" သူမကပြန်ပြောတယ်။
"နင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတာဘာကိုပြောတာလဲ?"
သူမက ညာဘက်ကို လက်ညှိုးထိုးပြတော့ ကျွန်တော် လှည့်ကြည့်လိုက်တယ်။ ကျွန်တော် လန့်သွားပြီ အဲ့ဘက်ကို အပြေးသွားလိုက်တယ်။
"Jimin" Momo အော်တယ်။
ကျွန်တော် သူမကို ဖက်လိုက်တယ်။ ကျွန်တော် သူတို့ကိုအရမ်းလွမ်းနေတာ။ အရင် ၂ နှစ်တုန်းက ကျွန်တော်တို့ အခန်းထဲက လူတွေနီးပါးရောက်လာကြတယ်။ ကျွန်တော်ပျော်ပြီးတော့ Tae ကိုတွေ့လိုက်တယ်။
"Tae" ကျွန်တော် အော်တော့ သူကျွန်တော့်ဆီပြေးလာတယ်။
ကျွန်တော့်ရဲ့ ခေါင်းကိုပွတ်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် သူက ကျွန်တော့်ကို ဖက်လိုက်တယ်။ ခဏတာ လန့်သွားပေမယ့် ပြန်ဖက်လိုက်တယ်။
"ငါ မင်းကိုလွမ်းနေတာ။" သူက ဖက်ရင်း ပြောတယ်။
သူ့ကို ပိုဖက်လိုက်ပြီး "ငါမင်းကိုပိုလွမ်းတာ။"
YOU ARE READING
Puzzle:Jikook (u&z) ✅
Fanfictionအချစ်စစ်ဆိုသည့်အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပ်ိုင်ဆိုင်ရတာပါလား..? uni and zawgyi အခ်စ္စစ္ဆိုသည့္အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပိုင်ဆိုင်ရတာပါလား..? uni and zawgyi