Chapter 10

518 28 0
                                    

Unicode

ကျွန်တော် မတ်ဆေ့(ချ်)ကိုကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပြုံးလိုက်မိတယ်။ သူ စာပို့မယ်လို့မထင်ထားဘူး။ ကျွန်တော်သူ့ကို ကြိုက်တယ်လို့ ပြောထားတာတောင်လေ။

"သူ ငါ့ကိုတကယ်စာပို့တာလား?" မယုံကြည်ပဲပြောမိလိုက်တယ်။

ကျွန်တော် ရေချိုးခန်းထဲဝင်သွားပြီး ရေမြန်မြန်ချိုးလိုက်တယ်။ ဘောင်းဘီအမည်းကြပ်ကြပ်နဲ့ အဖြူရောင် အင်္ကျီဝတ်လိုက်တယ်။

"ငါကြည့်ကောင်းသားပဲ" မှန်ကြည့်ရင်းနဲ့ပြောလိုက်တယ်။

"အိုမား" ကျွန်တော် Momo အခန်းထဲမှာ တီဗီကြည့်နေတဲ့
အမေ့ကိုခေါ်လိုက်တယ်။ "ဒီည သူငယ်ချင်းတွေနဲ့အပြင်ခဏသွားလို့ရလား?"

ကျွန်တော့်ကို ထူးဆန်းစွာနဲ့ ကြည့်တယ်။ "မိန်းကလေးတွေနဲ့လား ယောကျ်ားလေးတွေနဲ့လား?"

"အာ..ယောကျ်ားလေးတွေ" ကျွန်တော်ကပြောတယ်။ "မိန်းကလေးတွေက စိတ်ပျက်ဖို့ကောင်းတယ်။"

"အား!" သူမက သူမဖိနပ်နဲ့ ကျွန်တော့်ကို ပေါက်လိုက်လို့ အော်လိုက်တယ်။

"ငါကစိတ်ပျက်ဖို့မကောင်းပါဘူး။" သူမကလက်ပိုက်ပြီးပြောတယ်။

"မီးမီးရောပဲ။" Momo ကပြောတယ်။ "အိုမား, မီးမီး ဂျီမင်းအိုပါးနဲ့လိုက်သွားလို့ရလား?"

မရဘူး!

"မရဘူး။" မေမေကပြောတယ်။ "သင့်လျော်တဲ့ ကာကွယ်မှုမပါဘဲ ဒီအချိန်ကြီး ဘယ်မှမသွားရဘူး။"

"ဟေး,သားက အခြားလူတွေနဲ့ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ပါတယ်နော်။" ကျွန်တော်ကပြောတယ်။

"အိုး ဟုတ်လား? အဲ့ဒါဆိုလဲ သူ့ကိုခေါ်သွားလေ။" သူမကပြန်ပြောတယ်။

"မရဘူး! သားလိမ်နေတာ။ သားကိုယ့်ဘာသာကိုယ်မကာကွယ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သားကအရမ်း အားနည်းပြီးတော့ ရန်ဖြစ်ဖို့ အရမ်းကြောက်တာ။" Momo မလိုက်လာအောင် မနည်းပြောလိုက်ရတယ်။

သူတို့နှစ်ယောက်လုံး ရယ်တယ်။ "မင်းကအရမ်းရူးတာပဲ!"

"ဘာပဲဖြစ်ဖြစ်,သွားပြီ" အခန်းထဲကထွက်ပြီးပြောလိုက်တယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now