Zawgyi
"ဟင်?" ကျွန်တော့်ကို ခေါ်သွားတဲ့ လူစိမ်းကိုမေးလိုက်တယ်။
"ငါနဲ့သာလိုက်ခဲ့စမ်းပါ။" သူက ကျွန်တော့်ကို ကျောင်းအပြင်ကို ဆွဲခေါ်သွားပြီး ပြောတယ်။
"ဟေး ငါတို့ဘယ်သွားနေတာလဲ?" ကျွန်တော်မေးလိုက်တယ်။ "ငါစာသင်ရဦးမယ်။"
ကျွန်တော့်ကို ကျောင်းရဲ့ ပန်းခြံဆီခေါ်သွားပြီး မြက်ခင်းပေါ်မှာထိုင်ခိုင်းလိုက်တယ်။သူလဲထိုင်ပြီး ကျွန်တော့်ကို ရှက်စွာနဲ့ကြည့်တယ်။သူက မျက်မှန်အနက်ရောင်ဝိုင်းဝိုင်းဘေးကို ဝတ်ထားပြီး အရမ်းချစ်ဖို့ကောင်းတာကိုတော့ ဝန်ခံရမယ်။
"ဟာ" ကျွန်တော်စိတ်မရှည်ပဲပြောလိုက်တယ်။ "ဘယ်အချိန်မှစကားပြောမှာလဲ?"
သူက ချောင်းဟတ်လိုက်ပြီး "ပြောမယ်...မင်း-မင်းငါတို့ကျောင်းကို ပထမဆုံးနေ့က လာတုန်းကတည်းက မင်းကို စကားပြောချင်ခဲ့တာ။"
"ဟမ်...ဘာလို့လဲ?" ကျွန်တော်မေးလိုက်တယ်။
"မင်းကစိတ်ဝင်စားဖို့ကောင်းလို့။" သူကခေါင်းလေးငုံ့ပြီးပြောတယ်။ "ငါ-ငါတို့သူငယ်ချင်းဖြစ်လို့ရလားလို့?"
ကျွန်တော်ခဏရပ်တန့်သွားပြီး..
"ရတာပေါ့။" သူနဲ့လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုထုတ်လိုက်တယ်။
သူကျွန်တော့်ရဲ့ လက်ကိုဖယ်လိုက်ပြီး သူ့ရဲ့လက်ကို ကျွန်တော့်ခေါင်းပေါ်တင်ပြီး ပွတ်လိုက်တယ်။ကျွန်တော်သူ့ကို ထူးဆန်းစွာကြည့်လိုက်တယ်။
"ငါက ဒီလို လူတွေကို နှုတ်ဆက်တာ။" သူကရှက်သွေးဖြာပြီးပြောတယ်။
ကျွန်တော်ရယ်ပြီး "မင်းနာမည်ဘယ်လိုခေါ်လဲ?"
"ငါလား?အိုး..Taehyung ပါ။ ဒါပေမယ့် အားလုံးက V လို့ခေါ်တယ်။"
"ဘာလို့ V လဲ?" သိချင်တာနဲ့မေးလိုက်တယ်။
သူ ပုခုံးတွန့်ပြတော့ ကျွန်တော်ရယ်လိုက်တယ်။
"ငါ မင်းကို Tae လို့ခေါ်မယ်။ အဆင်ပြေလား?" ကျွန်တော်မေးလိုက်တယ်။
သူခေါင်းငြိမ့်ပြီး ပြုံးပြတယ်။ သူ့မှာတော်တော်လှတဲ့ အပြုံးရှိတာပဲ။
YOU ARE READING
Puzzle:Jikook (u&z) ✅
Fanfictionအချစ်စစ်ဆိုသည့်အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပ်ိုင်ဆိုင်ရတာပါလား..? uni and zawgyi အခ်စ္စစ္ဆိုသည့္အရာကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ပိုင်ဆိုင်ရတာပါလား..? uni and zawgyi