Chapter 2

1.6K 96 7
                                    

Unicode

ကျွန်တော့် အမေနဲ့ ညီမလေးက ကျောင်းကနေ သူတို့လုပ်စရာရှိတာတွေသွားလုပ်တယ်။ကျွန်တော်က ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ကျန်ခဲ့ပြီးတော့ ပထမဆုံးနေ့မှာ ကျောင်းထုတ်ခံရတော့ဖို့။ဒါပေမယ့် အမေ့ကိုကျေးဇူးတင်ရမယ်။ မထုတ်ခံရပဲ ထပ်ပြီးအသက်ရှူခွင့်ရလို့။

"Mr.Park မင်းရဲ့ ပထမဆုံး သင်ခန်းစာက သင်္ချာပဲ။" ကျောင်းအုပ်ကြီးကပြောတယ်။

သက်ပျင်းချလိုက်ပြီးတော့ "ဟုတ်ကဲ့"

ကျွန်တော် ပထမဆုံးသင်ခန်းစာကိုမသင်လိုက်ရတော့ ဒါက ဒီနေ့အတွက် ဒုတိယသင်ခန်းစာပဲ။ သွားတော့ လို့ပြောလို့စာသင်ခန်းနားရောက်နေပြီး တံခါးကနေကြည့်လိုက်တော့ သက်ပျင်းချမိတယ်။ နောက်ကျပြန်ပြီနဲ့တူတယ်။ တံခါးကိုတွန်းဖွင့်ပြီးတော့ မျက်လုံးတွေအားလုံးကကျွန်တော့်ဆီရောက်လာတယ်။

"သူကချောသားပဲ" ကောင်လေးတစ်ယောက်ကပြောတယ်။

"နင့်နာမည်ဘယ်သူလဲ?" အညိုရောင်ဆံပင်နဲ့ကောင်မလေးကပြောတယ်။

ကျွန်တော်ဝန်ခံရမယ်။သူမကအရမ်းဆွဲဆောင်မှုရှိတယ်။ ကျွန်တော်ကကျွန်တော့်ရဲ့ sexuality ကိုသိပ်ပြီး စိတ်မရှုပ်ထွေးရရင် ကျွန်တော်သူနဲ့ ရည်းစားဖြစ်မှာပဲ။

"သားတို့၊သမီးတို့၊" ဆရာမကအော်လိုက်တယ်။ "ဒါက ကျောင်းသားသစ်ပဲ။ သူက..."

သူမကကျွန်တော့်ဆီတိုးလာပြီး တိုးတိုးလေးပြောတယ်။
"မင်းကဘယ်က?"

ကျွန်တော်မျက်လုံးကိုလှိမ့်လိုက်ပြီး ပြောလိုက်တယ်
"Busan.."

"ဟုတ်သားပဲ!!" သူမကပြောတယ်။ "သူက Busan ကကျောင်းသားပါ။ သူ့ကို ခင်ပေးကြပါ!!"

" ကိုယ့်ဘာသာကို မိတ်ဆက်ပါ," အသံကျယ်ကျယ်နဲ့ကောင်မလေးတစ်ယောက်ကအော်လိုက်တယ်။

"ငါက..." ကျွန်တော် စကားပြောနေတာရပ်သွားတယ် ဘာလို့လဲဆိုတော့ အတန်းကိုကြည့်ရင်းနဲ့ခုနက တိုက်မိတဲ့ကောင်လေးကိုမှတ်မိသွားတယ်။

"နင်က?" ခုနကကောင်မလေးကကျွန်တော့်ရဲ့အဖြေကိုစောင့်ရင်းနဲ့ ပြန်မေးတယ်။

Puzzle:Jikook (u&z) ✅Where stories live. Discover now