Chapter 20

448 23 12
                                    

Unicode

မေမေ စိတ်ဆိုးစွာနဲ့ Momo ကိုကျောင်းကြိုပြီး အိမ်ပြန်ရောက်တော့, မီးဖိုချောင် ဝင်သွားပြီး ဓါးတွေထုတ်နေတယ်။

"မေမေ" ကျွန်တော် ကြောက်ကြောက်နဲ့ပြောလိုက်တယ်။ "ဘာတွေလုပ်နေတာလဲ?"

သူမက မကောင်းဆိုးဝါးကြီးလို ကျွန်တော့်ကိုကြည့်ပြီး သူမရဲ သွားစွယ်တွေကိုတောင်မြင်ရတယ်။ ကျွန်တော် တံတွေးမျိုချပြီး မီးဖိုချောင်ထဲကထွက်လာလိုက်တယ်။ ဖေဖေပြန်လာမှာကို နာရီပိုင်းလောက်စောင့်နေပြီး သူလဲပြန်လာရော ကိစ္စတွေ မည်းမည်းသည်းသည်းတွေ ဖြစ်ကုန်တာပဲ။

သူမက ဖေဖေ့ရဲ့ နှလုံးတည့်တည့် ဓါးနဲ့ ပစ်ပေါက်ဖို့ ရည်ရွယ်ပေမယ့် ပြန် ထိန်းလိုက်တယ်။

သူမက တစ်ကိုယ်လုံး စက်စက်တုန်နေပြီး ဖေဖေကတော့ သူမကို မျက်လုံးကြီးပြူးပြီးကြည့်နေတယ်။

"ဘာတွေလာလုပ်နေတာလဲ? ငါ့ရဲ့ လှပတဲ့ အိမ်ကို ပြန်လာတာ ဒီလိုဆက်ဆံခံရတယ် ကြည့်စမ်း"

မေမေ့လက်ထဲက ဓါးကဖြည်းဖြည်းချင်း ပြုတ်ကျသွားပြီး ဖေဖေ့ကို ပဲစိုက်ကြည့်နေတယ်။

"မင်း အဲ့မှာပဲ ဒီလိုရပ်နေမှာလား? ဖယ်မှာလား?" လက်သီးတွေ ဆုပ်နေတဲ့ မေမေ့ကို မေးလိုက်တယ်။

မေမေက လမ်းဖယ်ပေးလိုက်တော့ ဖေဖေက မျက်လုံးလှိမ့်ပြတယ်။ ကျွန်တော်သူ့ဆီသွားပြီး သူ့ရဲ့ မျက်ခွက်ကို ထိုးပစ်လိုက်တယ်။ ဒီလို မေမေ့ကို,ကျွန်တော်တို့ကို လုပ်တဲ့အတွက် အရမ်းဒေါသထွက်မိတယ်။

"သား ငါသာ မင်းဆိုရင် အပေါ်တက်ပြီ။"

"မတက်ဘူး။" ကျွန်တော် ရဲရင့်စွာပြောလိုက်တယ်။ ကျွန်တော် သူ့ကို မကြောက်တော့ပဲ ဒဏ်ရာရရင်တောင်မှ သူ့ကို ထိုးဦးမှာပဲ။

"ဘာ?" သူဒေါသထွက်စွာပြောတယ်။ လက်ကိုထုတ်ရင်း ကျွန်တော့်ကို ထိုးဖို့လုပ်ပေမယ့် မေမေက ရောက်လာပြီး လက်ကို ကိုင်လိုက်တယ်။

"ငါ့သားကို ထိရဲထိကြည့်"  သူမ အံကြိတ်ပြီးပြောတော့ သူကရယ်တယ်။

"မင်းသား?"

"ဒီမှာကြည့်..ငါ ကြင်နာစွာပြောမယ်။ ငါနဲ့ ငါ့ကလေးတွေ အဝေးမှာနေပြီး ငါ့ကလေးတွေရဲ့ ဆံပင်မွှေးတစ်မွှေးတောင် မထိနဲ့။ မဟုတ်ဘူး။ သူတို့ကို ကြည့်ရင်တောင် နင်သေပြီ။ ငါ့ကို ချစ်ရောချစ်ရဲ့လား?"

Puzzle:Jikook (u&z) ✅Where stories live. Discover now