🤍 အပိုင်း 4 🤍

5.1K 237 3
                                    

ချစ်ခြင်းရိပ်မြုံ

🤍 အပိုင်း - 4 🤍

ခွင်း ဒီနေ့အတွက် ရှူတင်မရှိတာမို့ အိပ်ရာထဲမှာပဲ နေမွန်းတည့်သည့်အချိန်ထိ ထိုးအိပ်နေမိသည်။

ညက Night Scene ကို ရိုက်တာ မနက် ၂နာရီ ထိုးသွားခဲ့ပြီး သူတစ်ယောက်ထဲ နေသည့် တိုက်ခန်းကို ပြန်ရောက်ချိန်တွင်တော့ မနက် ၃နာရီခွဲနေပြီမို့ အ၀တ်အစားလဲပြီးတာနဲ့ အခုလို တစ်ခါထဲ တန်းအိပ်ခဲ့တာ ဖြစ်သည်။

မျက်စိနှစ်လုံးပွင့်ပြီး နိုးလာချိန်တွင် အိပ်ရာဘေးရှိ စားပွဲပေါ်တွင် တင်ထားသော လက်ပတ်နာရီကို ယူပြီးကြည့်လိုက်တော့ ၁၁ နာရီတောင်ခွဲနေပြီဖြစ်သည်။

ခွင်း အိပ်ရာထဲမှ ထလိုက်ပြီး အိပ်ခန်းထဲမှထွက်ကာ ထမင်းစားပွဲပေါ်တွင်တင်ထားသည့် ရေကရားထဲမှ ရေတစ်ခွက်ကို ငှဲ့ပြီး သောက်လိုက်သည်။

သူက ရေခဲရေ မသောက်တာမို့ အခုလို ရေကရားနဲ့ပဲ ရေကို အမြဲ ထည့်ထားရသည်။

မျက်နှာသစ်ပြီးသွားတော့ မနက်စာလဲ စားချင်စိတ်မရှိတာမို့ ခွင်း ဧည့်ခန်းဘက်သို့ ထွက်လာကာ နို့နှစ်ရောင် ဇိမ်ခံ Sofa ကြီးပေါ်မှာထိုင်ပြီး TV ကို ဖွင့်ကြည့်လိုက်သည်။

ဘာလိုင်းရယ်လို့ ရွေးကြည့်တာမဟုတ်ဘဲ
လာတာကို ဒီအတိုင်းကြည့်ဖို့ TV ကို ဖွင့်လိုက်တာမို့ လာနေသည့် သတင်းက
Bangkok က ရုပ်ရှင်ဆုပေးပွဲတစ်ခုတွင် မင်းသားမင်းသမီး idol တွေ ရဲ့ red carpet လျှောက်တာကို ရိုက်ပြထားတာ ဖြစ်သည်။

ကြည့်နေရင်းနဲ့ နောက်ထပ် ရောက်လာ
သည့် စုံတွဲတစ်တွဲ အလှည့်တွင်တော့ ခွင်း နှုတ်ခမ်းတွေ စေ့ပိတ်သွားရပြီး အံကို ကျိတ်လိုက်မိတာ မေးရိုးတွေ ကားထွက်သွားရတဲ့အထိ။

ထိုင်းမှ နာမည်ကြီး မော်ဒယ်လ်တစ်ဦး(တနည်းအားဖြင့် သူ့ကို မွေးဖွားခဲ့သော အမျိုးသမီး) နှင့် မကြာသေးခင်ကမှ သူမထပ်ပြီး လက်ထပ်လိုက်တဲ့ သူမရဲ့ ၄ယောက်မြောက် ယောကျာ်း စီးပွားရေး လုပ်ငန်းရှင်တို့ ဖြစ်သည်။

ကိုယ့်အသက်အရွယ်မှမထောက် လူတွေအများကြီး ဓာတ်ပုံရိုက်နေသည့်ကြားမှာ
ဖက်ဟယ်ယှက်ဟယ် လုပ်နေကြသည့် ရွံစရာ မြင်ကွင်းကို ဆက်မမြင်နိုင်တော့၍
ခွင်း TV ကို ချက်ချင်းပိတ်ပစ်ပြီး remote ကို နံရံဆီသို့ ပစ်ပေါက်လိုက်မိသည်။

ချစ်ခြင်းရိပ်မြုံNơi câu chuyện tồn tại. Hãy khám phá bây giờ