ချစ်ခြင်းရိပ်မြုံ
🤍 Part - 11 🤍
၀ဠာအိပ်ရာမှနိုးပြီဆိုတာနဲ့ မျက်လုံး မဖွင့်နိုင်သေးခင်မှာပဲ လက်က ဘေးဘက်ကို အလိုလို စမ်းကြည့်မိသွားသည်။
နေရာလွတ်ကြီးကိုစမ်းမိတာမို့ မျက်စိဖွင့်ပြီးကြည့်လိုက်တော့ သူဖက်ထားတာ ဖက်ခေါင်းအုံးကြီး ဖြစ်နေပြီး
မမ က အိပ်ရာထဲတွင် မရှိတော့ပေ။အဲ့တာနဲ့ သူ ခုတင်ပေါ်မှ ဆင်းကာ အိပ်မှုန်စုံ၀ါးနဲ့ အခန်းထဲမှထွက်လာတော့
မမက ရှေ့မှာ မီးပူတိုက်နေသည်။အချိန်ကိုကြည့်လိုက်တော့ အခုမှ မနက် ၇နာရီ ......
"မမ ..... "
"ဟင် မောင်နိုးလာပြီ .... "
"ဘာလို့ အစောကြီး မီးပူတွေထတိုက်နေတာလဲ မမရဲ့ ..... "
"ဪ ညနေကျရင်၀တ်သွားမယ့် ၀တ်စုံလေးတွေကို အခုထဲက အဆင်သင့်ဖြစ်အောင်လေ ...... ညနေကျရင် မောင်ရောမမရော အလုပ်ကပြန်လာတဲ့အချိန် နောက်ကျနေရင် မီးပူတိုက်ဖို့က ကသီလင်တ ဖြစ်နေမှာဆိုးလို့ အခုထဲက ကြိုတိုက်ထားတာမောင်ရဲ့ ..... အာဒါနဲ့ မောင်မျက်နှာ မသစ်ရသေးဘူးမလား ..... သွားသစ်လေ ဒီနားဘာလာလုပ်တာလဲ......"
၀ဠာ မမမီးပူတိုက်နေသည့် ဘေးနားမှာ ၀င်ထိုင်လိုက်ပြီး ခါးလေးကိုဖက်လိုက်သည်။
"မနက်အိပ်ရာထတာနဲ့ မိန်းမမျက်နှာလေး မြင်ချင်လို့ လိုက်ရှာနေရတာ ......"
မောင်ကပြောရင်းနဲ့ သူမ လည်တိုင်လေးကို မရမက လိုက်နမ်းနေတာကြောင့်
သက် မီးပူခလုတ်ကိုပိတ်လိုက်ရသည်။"ကဲ ကိုရွှေသဲ .... ဘာဖြစ်လို့ အဲ့လောက်တောင်ကဲနေရတာလဲ ...... ဒီမှာ မမ မီးပူတိုက်လို့ မပြီးသေးဘူးလေကွာ ..... "
"မီးပူနောက်မှတိုက်ကွာ ..... "
မီးပူနောက်မှတိုက်ဟုပြောကာ သူမကိုယ်လေးကို လှဲချလိုက်ပြီး အပေါ်စီးမှ နမ်းနေသည့် မောင့်ကြောင့် နောက်ဆုံးတော့ သက် ကိုယ်တိုင်ပဲ မောင့်အလိုကို လိုက်လျောပြီး မောင့်လည်တိုင်လေးကို လှမ်းဖက်ကာ မောင့်အနမ်းတွေကို ပြန်ပြီး တုံ့ပြန်လိုက်သည်။