ချစ်ခြင်းရိပ်မြုံ
🤍 အပိုင်း 2 🤍
အလှဆုံးဖြစ်အောင် ပြင်ဆင်ပြီးသွားတဲ့ မျက်နှာလေးကို မှန်ထဲမှာကြည့်ရင်း
အနမ်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ဒီနေ့က ခွင်း ကို သွားတွေ့ရမှာမို့ မနက်အစောကြီး ထပြီး အခုလိုမျိုး ၀ီရိယရှိရှိနဲ့ ကြိုးစားပမ်းစား ပြင်ဆင်နေခဲ့တာဖြစ်သည်။
ဆွတ်နေကျ ရေမွှေးလေးကို လည်တိုင်နားလေးမှာ နှစ်ချက်ခန့် ဆွတ်လိုက်ပြီး မှန်တင်ခုံရှေ့မှထကာ လွယ်အိတ်လေး လွယ်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
မေမေ မသိအောင် အပေါ်ထပ်မှ အောက်ထပ်သို့ ခြေသံဖွဖွလေးဆင်းလာပြီး
အိမ်ရှေ့ တံခါးမကြီးကို ဖွင့်ဟန်အပြု
နောက်မှ မေမေ့အသံက ထွက်ပေါ်လာ
သည်။"သမီး ဘယ်သွားမို့လဲ .... "
"ရှန် မေမေ .... "
"အစောကြီး ဘယ်သွားမို့လဲလို့.... "
"ဟို လင်းလက်တို့ဆီ သွားမို့ပါ မေမေရဲ့ .... သမီး ဟိုနေ့က သင်တန်းမှာ ပျက်ထားတဲ့ စာတွေသွားပြန်ကူးမို့လေ.... "
"စာသွားကူးမှာကို ဘာလို့ အဲ့လောက်ထိ
ပြင်ထားဆင်ထားရတာလဲ .... ""မေမေကလဲ .... "
"မေမေကလဲမလုပ်နဲ့ .... တကယ် လင်းလက် ဆီသွားမှာ ဟုတ်တယ်နော်.... "
"ဟုတ်....ဟုတ်ပါတယ်မေမေရဲ့ .... လင်းလက်ဆီပဲ စာသွားကူးမှာပါ..... "
"မေမေ့ကို လိမ်ရင် ဘာဖြစ်မလဲဆိုတာ
သိတယ်နော်အနမ်း .... လင်းလက်ဆီသွားမှာဆိုရင် လင်းလက်ဆီသွားတာပဲ လိုချင်တယ်နော် .... မာန်ဟုန်ခွင်းဆီ ရောက်သွားပြီး မေမေ့ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်လို့ကတော့ အခုပေးထားသမျှ အခွင့်ရေးတွေ အကုန်ပိတ်ပစ်မှာနော်..... ""သမီးလေးကို အဲ့လောက်ထိ မတင်းကျပ်ပါနဲ့လား ကေသီရယ် .... သမီးက သူ့သူငယ်ချင်းဆီ စာသွားကူးမယ်ပြောတာပဲ .... ကိုယ်တို့က သမီးကို ယုံကြည်ပေးရမယ်လေ.... ကဲ သွားသွား သမီး နောက်ကျ နေလိမ့်မယ် .... "
"ဟုတ်ကဲ့ဖေဖေ .... မေမေ သမီး သွားပြီနော်.... "
ဖေဖေ ၀င်ပြောပေးမှ အနမ်း အိမ်ထဲမှ အလွယ်တကူ ထွက်ခွင့်ရသည်။ ဒါတောင် မေမေ့အကြည့်တွေထဲ အနမ်းကို မယုံသင်္ကာဖြစ်နေသည့်အရိပ်အယောင်
တွေ ကျန်နေသေးတာမို့ ဟူးခနဲ သက်ပြင်းချလိုက်မိသည်။
![](https://img.wattpad.com/cover/274951751-288-k427773.jpg)