ချစ်ခြင်းရိပ်မြုံ
🤍 Part - 34 🤍
ထင်တဲ့အတိုင်းပဲ လျှို့၀ှက်နံပါတ်လေးတွေကိုနှိပ်ပြီးနောက် တံခါးဖွင့်ပြီး အိမ်ထဲ၀င်လာသည့် မှုန် ကိုတွေ့လိုက်ရတော့မှ နေစိတ်အေးသွားရ၏။
"နောက်ကျလိုက်တာ မှုန်ရာ......ကိုယ်ဖုန်းတွေဆက်နေတာကို ဘာလို့ မကိုင်တာလဲ......"
"ကျွန်မ ဘာဖုန်းသံမှ မကြားပါဘူး ....."
"ကိုယ် တောက်လျှောက်ခေါ်နေတာ..... ဖုန်းက စက်ပိတ်ထားတာချည်းနဲ့ တိုးနေတာ....."
သူမ တကယ် ဘာအသံမှ မကြားတာမို့ မှုန် လက်ကိုင်အိတ်ထဲမှ ဖုန်းကို ထုတ်
ကြည့်လိုက်တော့ ဖုန်းက battery ကုန်နေတာ ဖြစ်၏။"ဖုန်းက Battery ကုန်ပြီး သူ့အလိုလို စက်ပိတ်သွားတာ...... နေစမ်းပါဦး ရှင်က ဘာလို့ ကျွန်မဆီ ဖုန်းတောက်လျှောက်ဆက်နေရတာလဲ ......"
"မှုန်က ၁၀ နာရီလောက်ထဲက ထွက်သွားတော့ နေ့လယ် ၂နာရီလောက်တော့ ပြန်ရောက်မယ်ထင်လို့ပေါ့..... ဒီလောက်ထိ နောက်ကျတော့ ကိုယ်လဲ စိတ်ပူပြီးဖုန်းဆက်မိတာပေါ့......"
"သူငယ်ချင်းတွေနဲ့ သွားတွေ့တာပဲ အေးဆေး တွေ့ပြီးမှ ပြန်လာမှာပေါ့ ......
ပြီးတော့ အခုမှ 4 နာရီပဲရှိသေးတယ်.... ကျွန်မက ဘာကို နောက်ကျရမှာလဲ....."မှုန်က စကားပြောရင်း အခန်းထဲ၀င်လာတာကို သူကလဲ မှုန့် နောက်ကနေ တကောက်ကောက်လိုက်လာသည်။
"ကိုယ်က အလုပ်နားရက်လေး မိန်းမနဲ့ အချိန်ဖြုန်းချင်တာလေ..... အခုတော့ မှုန်က ကိုယ့်ကိုထားခဲ့ပြီး သူငယ်ချင်းတွေနဲ့ သွားတွေ့တော့ အိမ်မှာ ကိုယ်တစ်ယောက်ထဲ ပျင်းတာပေါ့......"
ဟိုးအရင်တုန်းကတော့ သူပဲ အလုပ်ကိစ္စနဲ့မို့..... သူငယ်ချင်းတွေနဲ့တွေ့ရမှာမို့ ... စသဖြင့် အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်နဲ့ သွားလိုက်တဲ့ အပြင်ပေါင်း မနည်းခဲ့တာကို အခုမှ သူ့ဘာသာ အိမ်မှာနေနေပြီးတော့ သူမကပဲ သူ့ကို တစ်ယောက် ထားခဲ့တယ် ဖြစ်ရသေးတယ်.....
မှုန် မျက်စောင်းကို ပိတ်ထိုးလိုက်ပြီး အ၀တ်အစားလဲရန် အ၀တ်ဗီဒို တံခါးကို ဆွဲဖွင့်လိုက်သည်။
![](https://img.wattpad.com/cover/274951751-288-k427773.jpg)