ချစ်ခြင်းရိပ်မြုံ
🤍 Part - 26 🤍
သက် သမီးလေးကို ချီပြီး အိမ်တံခါးသော့ဖွင့်နေတုန်းမှာပဲ နောက်က ၀ဠာ ရောက်လာသည်။
"မမ ..... "
သမီးက သူ့အဖေကို မြင်တာနဲ့ ၀ဠာဆီသွားချင်လို့ သက်ကိုယ်ပေါ်ကနေ အတင်းကို ကော့ထိုးတော့၏။
သက်မှာ သမီးပြုတ်ကျမှာဆိုးလို့ သော့ဖွင့်နေတာကိုရပ်ပြီး သမီးအား ၀ဠာကို ချီခိုင်းလိုက်ရပြီး အိမ်တံခါးကိုဖွင့်ရသည်။
အိမ်ထဲရောက်တော့မှ သက်က ဧည့်ခန်းထဲရှိ Sofa ပေါ်မှာထိုင်လိုက်တော့ သူကလဲ သမီးကို ချီထားလျက်နဲ့ပဲ သက်ရဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်သည်။
"မင်း ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ ၀ဠာ ......."
"မောင် မမကို ပြောစရာရှိလို့လာခဲ့တာ.....
အဲ့တာထက် ခုဏက မမနဲ့ စကားပြောလာတဲ့ လူက ဘယ်သူလဲ .... မမနဲ့က ဘယ်လိုပတ်သက်နေတာလဲ....."ကျောင်းတုန်းက ခင်ခဲ့သည့် သူငယ်ချင်း ဖြစ်သူ အောင်ကျော်နိုင်နဲ့ စျေးထဲမှာ ပြန်တွေ့လို့ သူကလဲ ဒီရပ်ကွက်ထဲမှာပဲနေတာမို့ စကားအတူတူပြောလာကြတာကို ၀ဠာတွေ့သွားဟန်တူသည်။
"တို့နဲ့ ဘယ်လိုပဲ ပတ်သက်ပတ်သက် အခုချိန်မှာ မင်း ၀င်ပြီးစွက်ဖက်ပိုင်ခွင့် မရှိတော့ဘူး ထင်တယ်နော် မင်းမြတ်၀ဠာ....."
"ဘာလို့ မရှိရမှာလဲ မမ....... မမက မောင်လက်ထပ်ယူထားတဲ့ မောင့်ရဲ့ မိန်းမပါ...
မမ စိတ်ချမ်းသာပါစေတော့ဆိုတဲ့စိတ်နဲ့ မောင်အခုလိုတွေ ခွင့်ပြုထားပေးတာ..... မမသိထားဖို့က မောင်တို့ကွာရှင်းရသေးတာ မဟုတ်ဘူး..... မောင့်ရဲ့ သ၀န်တိုစိတ်ကို လာမစမ်းသပ်ပါနဲ့ မမ..... "၀ဠာ စကားကြောင့် သက် မျက်မှောင်ကျုံ့လိုက်မိသည်။
"ဘာပဲဖြစ်ဖြစ် အခုချိန်ကစပြီး မမနဲ့ သမီးလေးကို မောင့်မျက်စိရှေ့မှောက်မှာပဲခေါ်ထားတော့မယ်....."
"မင်းစကားက ဘာစကားလဲ မင်းမြတ်၀ဠာ......"
"အခုလေးတင် မေမေက မောင့်ကို ပြောလိုက်တာ...... မမကိုလက်ခံပါတယ်တဲ့..... ပြီးတော့ မြေးဖြစ်တဲ့ သမီးလေးကိုလဲ
တွေ့ချင်နေတယ်....... အဲ့တာမောင်တို့မိသားစုလေး အတူတူ ပြန်နေရအောင်နော် မမ ..... "