ချစ်ခြင်းရိပ်မြုံ
🤍 Part -20 🤍
အလုပ်လုပ်နေတုန်း ဘေးနားချထားသည့်
ဖုန်းဆီမှ message ၀င်သည့် Noti လေး ကြားလိုက်ရတာမို့ မှုန်ယူပြီး ကြည့်ကြည့်လိုက်တော့ သူ့ဆီမှ ဖြစ်နေသည်။💌 မှုန် ..... ကိုယ်ဒီနေ့ သူငယ်ချင်းတစ်ယောက် နိုင်ငံခြားက ပြန်လာမှာမို့ အဲ့တာ ကိုယ်တို့ သူငယ်ချင်းတွေအားလုံး အဲ့သူငယ်ချင်းနဲ့ ညစာ အတူတူစားကြမှာ ...... ကိုယ်မင်းကို လာမကြိုတော့ဘူးနော်..... ညစာလဲ စားနှင့်လိုက်တော့နော်.... ကိုယ်အိမ်ပြန်နည်းနည်း နောက်ကျမယ် .... 💌
Message က ဒါပဲဖြစ်သည်။ နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်ပြန်လာမယ်ဆိုတော့ ဟိုနေ့က သူဖုန်းပြောနေခဲ့တဲ့ ဂျပန်က ခိုင်ဆိုတာလား ။
ရုတ်တရက် ထိုမိန်းကလေးကို သူဘယ်လောက်ထိ ချစ်ခဲ့ကြောင်းတွေ ညွှန်းဆိုထားတဲ့ စာအုပ်ကို သွားသတိရတော့
မှုန့် နှုတ်ခမ်းလေးတွေ တင်းတင်းစေ့သွားရသည်။သူတို့က ပြန်တွေ့ကြတော့မှာလား .....
မှုန် သက်ပြင်းတစ်ချက် ခပ်လေးလေး ချလိုက်မိသည်။ သူတို့၂ယောက်ပြန်တွေ့ကြမယ်ဆိုတာနဲ့ မှုန် စိတ်တွေ ဘာလို့ အဲ့လောက်ထိ လေးလံနေရတာလဲ မသိပါ။
တကယ်ဆို သူတို့ ၂ယောက်ရဲ့ ပတ်သက်မှုက ပြီးသွားခဲ့ပြီပဲ ။ အခုချိန်မှာ နေရှင်းသန့်က မှုန် နဲ့ လက်ထပ်ထားပြီးတဲ့ သူတစ်ယောက်ဖြစ်နေပြီ။
ထိုကဲ့သို့ တွေးပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်ပေမယ့်လဲ ဟိုနေ့က ဖုန်းပြောရင်း ပျော်နေတဲ့ သူ့ပုံစံကို ကြည့်ပြီး မှုန်စိတ်ထဲ အလိုမကျ ဖြစ်လာခဲ့သည်။
ဆက်ပြီးလဲ အလုပ်ဆက်မလုပ်ချင်တော့တာမို့ လုပ်လက်စတွေ အကုန်သိမ်းဆည်းပြီး မှုန်ထလာခဲ့သည်။
"အိတုံ ...... "
"ရှင် မမ "
"ဆိုင်ကို သေချာကြည့်ထားနော်.... ငါ သိပ်ပြီး နေလို့မကောင်းချင်လို့ အိမ်ပြန်နားတော့မယ်...... "
"ဟုတ်မမ ..... နေမကောင်းဘူးဆို ဆရာ၀န်ကို ဖုန်းဆက်အကြောင်းကြားလိုက်ရမလားဟင်...... "