🤍 အပိုင်း 36 + အပိုင်း 37 🤍

5.7K 251 4
                                    

ချစ်ခြင်းရိပ်မြုံ [ Part - 36 + Part 37 ]

🤍 Part - 36 🤍

ခွင်း ဒယ်ဒီနဲ့ မင်္ဂလာပွဲအတွက် ခန်းမအကြောင်း ပြောပြီး ချစ်ခြင်းရိပ်မြုံဆီ ပြန်ဖို့အလုပ် ကားပါကင်မှာ ကားတံခါးကို ဖွင့်နေတုန်း အသံကျယ်လောင်စွာမြည်သည့် ဆိုင်ကယ်တစ်စီးက သူ့ထံ အရှိန်ပြင်းစွာမောင်းလာသည်။

ခွင်းလဲ တအံ့တသြဖြင့် ထိုဆိုင်ကယ်အား ကြည့်နေမိတုန်းမှာပဲ ဆိုင်ကယ်ပေါ်မှာရှိနေသည့် အနက်ရောင်၀မ်းဆက်နဲ့လူက Jacket ထဲမှ တစ်ခုခုကို နှိုက်ယူပြီး သူ့ကို တည့်တည့်ချိန်ရွယ်၏။

ထိုအရာဟာ သေနတ်တစ်လက်ဖြစ်ကြောင်း ခွင်းသိသွားချိန်တွင်တော့ အချိန်ဟာ နှောင်းသွားခဲ့ရပြီ။

ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာမို့
ဘယ်သူမှန်းမသိသော ထိုလူ ပစ်လိုက်တော့ သေနတ်ကျည်ဆံသည် ခွင်းရဲ့ ရင်အုံ တည့်တည့်သို့ ထိုးဖောက်၀င်ရောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်သော အချိန်အတွင်းမှာပဲ အရာအားလုံး ပြောင်းလဲသွားခဲ့ရ၏။

သေနတ်ဒဏ်ရာကြောင့် ခွင်းလဲကျသွားရပြီး အာရုံထဲ ပေါ်လာသော အနမ်းရဲ့ မျက်နှာလေးကို တမ်းတရင်းနဲ့ နောက်ဆုံးတော့ ခွင်းရဲ့ ကမ္ဘာမှောင်မိုက်သွားခဲ့ရသည်။

•°*     •°*      •°*     •°*     •°*     •°*

ရန်ကုန်မြို့ရှိ နာမည်ကြီးဆေးရုံကြီး တစ်ခုရဲ့ ခွဲစိတ်ခန်းရှေ့တွင် .......

"မငိုပါနဲ့ အနမ်းရယ်...... ခွင်းကို ဆရာ၀န်ကြီးတွေက အစွမ်းကုန်ကယ်နေကြပါတယ်....... အရမ်းမငိုနဲ့နော်...... ခွင်းဘာမှ မဖြစ်လောက်ပါဘူး ...... "

သည်းအူပြတ်မတတ်ငိုကြွေးနေတဲ့ အနမ်းကို မှုန်က ချော့မြူနေရပြီး ၀ဠာနဲ့ နေ ကတော့ ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ ခွင်း အခြေအနေကောင်းစေဖို့ကို ဆုတောင်းနေရသည်။

သက်ကတော့ ကလေးနဲ့မို့ အိမ်မှာကျန်ခဲ့ရ၏။

"အဲ့လိုမျိုး လုပ်ကြံရလောက်တဲ့အထိ ခွင်းမှာ ရန်သူဆိုတာ ရှိခဲ့လို့လား ကိုနေ ......"

"ငါတို့လောကထဲမှာတော့ မရှိဘူး ၀ဠာ..... ခွင်းက စကားပြော ပြတ်ပေမယ့်  အားလုံးနဲ့ အဆင်ပြေတယ်.....သူ့နဲ့ ပြဿနာဖြစ်ဖူးတဲ့သူဆိုတာ မရှိပါဘူး.... ဘယ်သူကများ ဒီလိုမျိုးလုပ်ရတာလဲ ..... "

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now