🤍 အပိုင်း 44 🤍

5.3K 193 3
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 44 🤍

အချိန်တွေဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့ပြီး ရာသီစက်၀န်းတွေဟာလဲ တရွေ့ရွေ့ ပြောင်းလဲလာခဲ့ရသည်။

ဘာလိုလိုနဲ့ပဲ မမသက်နဲ့ ၀ဠာတို့ရဲ့ ဒုတိယ ရင်သွေးလေးဖြစ်တဲ့ သားလေးမိုးထက်၀ဠာပင် 2နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်၏။

ကိုနေနဲ့ မမမှုန်တို့ရဲ့ သားလေး ရှင်းသန့်သုတကတော့ 2နှစ်နဲ့ 7 လ ရှိပြီး မေကလေးကတော့ 4 နှစ်ကျော် 5နှစ်ပြည့်တော့မှာ ဖြစ်သည်။

ကလေးတွေရဲ့ အသက်ကို တွေးကြည့်ပြီး အနမ်း နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်မိ၏။

ကလေးယူဖို့အတွက် သူမရော ခွင်းမှာရော ဘာကျန်းမာရေး ချို့ယွင်းချက်မှ မရှိခဲ့ပေမယ့် ဒီအချိန်ထိ သူမတို့မှာ ရင်သွေးရတနာလေးတွေ ရှိမလာခဲ့ပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေက သူမတော်တော်လေး နာကျင်ကြေကွဲခဲ့ရသည်။ ခွင်း ကလေးချစ်တတ်မှန်း သိလေလေ ခွင်းအတွက် ကလေးမမွေးပေးနိုင်သည့် ကိုယ့်အဖြစ်ကိုယ် ပိုပြီး ယူကြုံးမရဖြစ်ခဲ့သည်။

သူမ ကလေးအရမ်းလိုချင်မှန်းသိလို့
ခွင်းရော သူမရော နောက်ဆုံးပေါ် ဆေးပညာနဲ့ရော တိုင်းရင်းဆေးနည်းတွေနဲ့ပါ ကလေးရအောင် အမျိုးမျိုးအားထုတ်ကြိုးပမ်းခဲ့ကြ၏။

ဘယ်လိုပဲ ကြိုးစားကြိုးစား ကလေးရမလာတဲ့အခါမှာ သူမ အိပ်ရာထဲ ဘုန်းဘုန်းလဲခဲ့ရသည်။

နောက်ဆုံး ကလေးမရှိလဲ နင်နဲ့ငါနဲ့ တစ်ယောက်ကိုတစ်ယောက် အဆုံးထိ ချစ်နေဖို့က အရေးကြီးဆုံးပါ အနမ်းရယ်ဆိုပြီး ခွင်းရဲ့ ဖေးမမှုကြောင့်ရယ်..... ကျန်တဲ့ စုံတွဲနှစ်တွဲ ပေးတဲ့ စိတ်ဓာတ်ခွန်အားတွေရယ်ကြောင့်သာ အနမ်းဒီလိုမျိုး ပြန်လည်ရပ်တည်နိုင်ခဲ့တာဖြစ်၏။

အခုတော့ မေမြတ်အိန္ဒြေ၊ ရှင်းသန့်သုတ၊
မိုးထက်၀ဠာ ဆိုသည့်ကလေးလေး ၃ယောက်ကသာ အနမ်းရဲ့ အသည်းကျော်လေးတွေဖြစ်နေရပြီး သူတို့လေးတွေကိုသာ အချစ်ပိုနေရသည်။

ခွင်းက သူအလုပ်သွားရင် သူမတစ်ယောက်ထဲ အိမ်မှာနေပြီး လျှောက်တွေးနေမှာကို စိုးရိမ်သောကြောင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူမအတွက် ကလေးပစ္စည်းဆိုင်လေးတစ်ဆိုင်ဖွင့်ပေးခဲ့၏။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now