🤍 အပိုင်း 41 🤍

5.2K 213 6
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 41 🤍

ခွင်းမနက်နိုးလာတာနဲ့ လက်ကအလိုလို ဘေးကို စမ်းကြည့်တော့ လွတ်နေတဲ့ အိပ်ရာခင်းကိုသာ စမ်းမိ၏။

ကျစ်...... အနမ်းတော့ အစောကြီး အိပ်ရာက ထသွားပြန်ပြီ။

အိပ်ချင်နေသေးသည့် မျက်လုံးအစုံကို ပွတ်သပ်ကာ ခွင်းတစ်ယောက်ထဲ အိပ်ရာပေါ် ဟိုလိမ့်ဒီလိမ့် လုပ်နေမိ၏။

ခဏအကြာမှ အိပ်ရာမှထကာ အနမ်းရှိနေလောက်မည့် နောက်ဖေးမီးဖိုချောင်ထဲ သွားကြည့်တော့ ထင်တဲ့အတိုင်းပင် apron အပြာရောင်လေး၀င်ကာ ချက်ပြုတ်ကြော်လှော်ပြီး တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေသော အနမ်း ......

အနမ်းရှိရာသို့ ခွင်း ခြေသံလုံလုံနဲ့ လျှောက်သွားလိုက်ပြီး ပခုံးပေါ်မေးလေးတင်လိုက်တော့ အနမ်းက လှည့်ကြည့်လာသည်။

"ဟင် နိုးလာပြီလား......"

"အင်း ...... ဘာလို့ အစောကြီးထသွားရတာလဲ ....."

"မစောပါဘူး ခွင်းရဲ့ ..... အခုတင် ၇နာရီ ရှိနေပြီကို ......မျက်နှာရောသစ်ပြီးသွားပြီလား......."

"မသစ်ရသေးဘူး......"

"ဟင် မျက်နှာလဲမသစ်ဘဲ ညစ်ပတ်နဲ့ ထွက်လာတယ်... မြန်မြန်သွားသစ်လိုက် ..... မနက်စာကို အခုကြော်နေတဲ့ ထမင်းကြော်နဲ့ ကော်ဖီလေးအဆင်သင့် ပြင်ထားလိုက်မယ် ...... "

"မိန်းမအနားနေချင်သေးတယ်ကွာ....."

"ကဲသွားပါ ခွင်းရဲ့......အချိန်မဆွဲနဲ့ ရှူတင်လဲရှိနေသေးတဲ့ဟာကို ......."

အနမ်း ထမင်းကြော်နေရင်းနဲ့ အပျင်းတစ်နေတဲ့ ခွင်းရဲ့ ကိုယ်ကြီးကို မျက်နှာသွားသစ်ရန် မနည်းတွန်းထုတ်တော့မှ ခွင်းက
ပျင်းရိပျင်းတွဲနဲ့ ပြန်ထွက်သွားသည်။

*

ခွင်းမျက်နှာသစ်ပြီး ပြန်ထွက်လာတော့
အနမ်းက မနက်စာ ပြင်နေပြီဖြစ်၏။

ထမင်းစားပွဲရဲ့ ထိပ်ဆုံးမှာ ၀င်ထိုင်လိုက်တာနဲ့ ထမင်းကြော်နံ့မွှေးမွှေးလေးက နှာခေါင်းထဲသို့ တိုး၀င်လာ၏။

အချက်အပြုတ်ပိုင်နိုင်လှသည့် အနမ်းက သူ့အား နေ့တိုင်း မရိုးနိုင်အောင် ချက်ကျွေးသည်။

ချစ်ခြင်းရိပ်မြုံDonde viven las historias. Descúbrelo ahora