ချစ်ခြင်းရိပ်မြုံ
🤍 Part - 10 🤍
"အခန်း၀ယ်တာကတော့ မင်းကတ်ထဲကပဲ သုံးလိုက်တယ် ...... အခန်းပြင်တာကတော့ ငါနဲ့ ကိုနေ ပေါင်းပြီး မင်းကို လက်ဖွဲ့ပေးလိုက်တာ ...... "
"ဟဲဟဲ ကျေးဇူးတင်ပါတယ်ကွာ ခွင်းရာ ...... တိုက်ခန်းကြီးကတော့ ရှယ်ပဲ .... မမနဲ့ ငါနဲ့ နှစ်ယောက်ထဲနေရမှာတောင် ကြီးနေသလိုပဲ ....."
"မင်းတို့က နှစ်ယောက်ထဲပဲတောက်လျှောက်နေသွားတော့မှာမို့လို့လား..... "
"ဘာလို့ နှစ်ယောက်ထဲပဲ တောက်လျှောက်နေသွားရမှာလဲ.... ကလေးတော့ ယူဦးမှာပေါ့ကွ...... "
"မောင်နော် ..... "
မောင့် သူငယ်ချင်းရှေ့မှာမို့ သက် မောင့်ခါးကို လိမ်ဆွဲလိုက်ရသည်။
"အေးလေ ..... အဲ့တာဆို ဘာလို့ ကြီးတယ်လေး ဘာလေးနဲ့ ညည်းနေသေးလဲ ...."
"မင်းဆိုတဲ့ကောင်ကလဲနော် ဒီအတိုင်းလေးပြောတာကိုတောင် သေးသေးတင် မခံဘူး ...... ဘာပဲဖြစ်ဖြစ် မင်းနဲ့ ကိုနေ ရှိနေလို့သာ အကုန်အဆင်ပြေတာ ..... ငါနဲ့ မမ ၂ယောက်ထဲဆို ပတ်လည်တွေ ရိုက်နေရမှာ ..... "
"ကျေးဇူးအများကြီးတင်ပါတယ်နော်မောင်လေး ...... "
"ရပါတယ်အစ်မ ..... ကျွန်တော်က ကပ်ရပ်အခန်းမှာ နေတာဆိုတော့ တစ်ခုခု အကူအညီလိုရင် ကျွန်တော့်ကို ပြောလို့ရပါတယ်......"
မောင့်သူငယ်ချင်းဖြစ်သူခွင်းကို သက် ပြုံးပြလိုက်ပြီး .....
"ဒါဆို မောင်တို့ သူငယ်ချင်းတွေ အေးဆေး စကားပြောကြဦးလေ ..... မမ
ညစာအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ဦးမယ် ....... ""မောင် ခွင်းနဲ့ ခဏစကားပြောပြီးရင် လာကူမယ်နော် မမ .... "
"အွန်းမောင် "
သူ့မိန်းမ နောက်ဖေးမီးဖိုချောင်ထဲ၀င်သွားတဲ့အထိ လည်ပြန်လိုက်ကြည့်နေသော ၀ဠာကို ခွင်း အမြင်ကတ်ကတ်နဲ့ အနားမှာ ရှိနေသော ဂျာနယ်ကို လိပ်ကာ ခေါင်းကိုရိုက်လိုက်သည် ။
"ဟ..... နာတယ်ကွ ဟေ့ကောင်ရ.... "
"ကိုယ့်မိန်းမကိုယ် အဲ့လောက်ထိ ငမ်းကြောထစရာလား ..... "