ချစ်ခြင်းရိပ်မြုံ
🤍 Part - 35 🤍
မနက်စောစောစီးစီး Bell တီးသံကြောင့်
နေ နဲ့ ခွင်း တံခါးကို ပြိုင်တူဖွင့်လိုက်မိတော့ သူတို့ နှစ်ခန်း ရှေ့တွင် ရပ်နေတာက ၀ဠာ....."ဘာလဲကွ မင်းဟာက ..... စောစောစီးစီး ဘာလို့ အဲ့လောက်တောင် Bell တွေစွတ်တီးနေရတာလဲ ....... "
"အေးလေ .... bell ကို တစ်ခါတီးပြီး တော်ပြီပေါ့..... ဘာလို့ဆက်တိုက်တွေ တီးနေရတာလဲ ၀ဠာရ ......"
"အဟဲ အားပါသွားလို့ပါဗျ .... တစ်ခန်းကို အရင်ဖိတ် ပြီးမှ နောက်တစ်ခန်းကို ဖိတ်ရင် မောနေမှာဆိုးလို့ အခုလို နှစ်ခန်းလုံးကို ပြိုင်တူ bell တီးလိုက်တာ..... "
"မင်းက ဘာကို ဖိတ်မှာလဲ ....."
"မင်းက ဘာကို ဖိတ်မှာလဲ ..... "
ခွင်းရော နေရော မေးလိုက်မိသည်က တစ်ပြိုင်နက်......
"ကျွန်တော်ဆေးရုံက ဆင်းတဲ့ အထိမ်းအမှတ်အနေနဲ့ရော .... မမနဲ့ သမီးလေး အိမ်ပြန်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ရော ဒီနေ့ နေ့လယ် အိမ်မှာ ဟော့ပေါ့နဲ့ ဘာဘီကျူး လုပ်စားကြမို့ ...... အဲ့တာ ကိုနေရော မင်းရောကို လာဖိတ်တာ..... ၂ယောက်ထဲ မဟုတ်ဘူးနော် မမမှုန်နဲ့ အနမ်းလဲ ပါတယ်..... "
"အဲ့တာဆို ငါတို့ အိမ်မှာ ဒီနေ့ ဟင်းချက်စရာမလိုတော့ဘူးပေါ့ .... ဟုတ်တယ်မလား ခွင်း ....."
နေရဲ့ အပြောကို ခွင်းကပြုံးကာ .....
"အနမ်းကို ပြောပြီး လာခဲ့မယ်......"
"အေးအေး ..... အဲ့တာဆို ဒါပဲနော် .... ကိုနေ ကျွန်တော်လဲပြန်၀င်တော့မယ်....."
"အေးအေး ၀ဠာ....."
၃ယောက်သား တံခါး၀မှာပဲ စကားပြောပြီးနောက် အိမ်ထဲ အသီးသီး ပြန်၀င်လာကြသည်။
နေ သူတို့ အခန်းထဲ ပြန်၀င်လာတော့ မှုန်က နိုးနေပြီဖြစ်၏။
အိပ်မှုံစုံ၀ါးလေးနဲ့ အိပ်ရာပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့ မှုန်ကို ကြည့်ပြီး နေ ပြုံးလိုက်မိသည်။ မှုန်က သူ့အားလှမ်းကြည့်ကာ......
"ခုဏက bell တီးတာ ဘယ်သူလဲ....."
"၀ဠာပါ..... သူဆေးရုံဆင်းတဲ့ အထိမ်းအမှတ်ရယ် မမသက်တို့ အိမ်ပြန်ရောက်တဲ့ အထိမ်းအမှတ်ရယ်နဲ့ ဒီနေ့ သူတို့အိမ်မှာ ဟော့ပေါ့နဲ့ ဘာဘီကျူးလုပ်စားကြမို့တဲ့ ကိုယ်တို့ကို လာဖိတ်တာ....."
![](https://img.wattpad.com/cover/274951751-288-k427773.jpg)