ချစ်ခြင်းရိပ်မြုံ
🤍 Part -9 🤍
၀ဠာဘက်က အသိသက်သေအဖြစ် ခွင်းရယ် ..... မမ ဘက်က အသိသက်သေ အဖြစ် မမ သူငယ်ချင်းဖြစ်သူ Dr. သက်ထား ရယ်တို့နဲ့အတူ ၀ဠာတို့ရဲ့ လက်မှတ်ထိုးခြင်း အခမ်းအနားလေးက အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ရသည်။
"သက် အဲ့တာဆို ငါသွားတော့မယ်နော်"
"အေး သက်ထား ကျေးဇူးအများကြီးတင်ပါတယ်နော် သူငယ်ချင်း..... "
"အချင်းချင်းတွေကို ပြောနေစရာ မလိုပါဘူးဟယ် ..... ဒါနဲ့ နင်တို့ မင်္ဂလာပွဲလုပ်ဖြစ်မယ်မလား..... "
"မင်္ဂလာဦးဆွမ်းကျွေးပဲလုပ်ဖြစ်မယ်ထင်တယ် .... "
"အေးအေး ငါ့ကိုလဲ ဖိတ်ဦးနော်.....အဲ့ကျမှ ငါလက်ဖွဲ့ပေးတော့မယ်.... မောင်လေး အစ်မသွားပြီနော်.... "
"ဟုတ်ကဲ့အစ်မ အကူအညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော်...."
သက်ထား သူ့ကားနဲ့သူ ပြန်သွားတော့
၀ဠာတို့စုံတွဲနဲ့ ခွင်းသာ ကျန်ခဲ့သည်။"မင်း ဘာဆက်လုပ်မှာလဲ.... "
"မေမေက ငါနဲ့ မမကိုမှ သဘောမတူတာ.... အဲ့တော့အခုလိုမျိုးပဲ လက်ထပ်လိုက်ရတာပေါ့..... ငါမင်းကို တစ်ခု အကူအညီတောင်းချင်တယ် ခွင်းရာ ..... ဒီမှာ ငါ့ကတ်ကိုယူပြီးလေ ငါနဲ့မ နေဖို့အတွက် တိုက်ခန်းလေးတစ်ခန်း စီစဥ်ပေးလို့ ရမလား..... "
"မင်းတို့က ဘယ်သွားမှာမို့လဲ ..... "
"ငါတို့က အခုမှ လက်ထပ်ပြီးတာလေကွာ..... ကြင်စဦးခရီးလေးထွက်ဦးမယ်....
ငါ ကိုနေ့ ကိုလဲ ခုဏက ဖုန်းဆက်လိုက်တယ်.... အဲ့တော့ မင်းနဲကိုနေက ဒီမှာစီစဥ်စရာရှိတာ စီစဥ်ထားပေးပါကွာနော်...
ပြန်လာရင်လဲ ငါတို့ မင်္ဂလာဦးဆွမ်းကျွေးလေး လုပ်ဖို့ ..... "မောင်ကသာ အားမနာတမ်းစွတ် အကူအညီတောင်းနေတာ မောင့်သူငယ်ချင်းဖြစ်သူ မင်းသား မာန်ဟုန်ခွင်းရဲ့ မျက်မှောင်က ကျုံ့နေပြီမို့ သက် အားနာနာနဲ့ မောင့်ရဲ့ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်ရသည်။
"အာ့ .... မမ နာတယ်ဗျ .... "
"မောင်ကလဲ သူများကို အားနာစရာကြီး
.... ဘာလို့ စွတ်ဆတ်ပြီး အကူအညီတွေ တောင်းနေတာလဲ .... "