🤍 အပိုင်း 42 🤍

4.6K 191 6
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 42 🤍

Air-Con ရဲ့ ခပ်စိမ့်စိမ့် အအေးဓာတ်ကြောင့် ခွင်း တရေးနိုးလာရပြီး သူ့ရင်ခွင်ထဲ ယုန်ပေါက်လေးလို ကွေးကွေးလေးတိုး၀င်ပြီး အိပ်နေတဲ့ အနမ်းကြောင့် ပြုံးလိုက်မိသွားသည်။

ဘယ်ဘက်လက်ကို သူမလေးက ခေါင်းအုံး အုံးအိပ်ထားတာမို့ ခွင်း ညာလက်နဲ့ပဲ Air-Con remote ကို ယူကာ အအေးဓာတ်ကို လျှော့ချလိုက်၏။

အချိန်ကိုကြည့်လိုက်တော့ စင်ကာပူစံတော်ချိန်နဲ့ မနက် 6 နာရီသာရှိသေးသည်။

မနေ့က ခွင်းတို့ ရန်ကုန်ကနေ ညနေ 6 နာရီ flight နဲ့ ထွက်လာတော့
ဒီကို ည 9 နာရီလောက်မှရောက်၏။ လေဆိပ်ကနေ Taxi ငှားကာ ကြိုပြီး booking လုပ်ထားသည့် ဟိုတယ်သို့ရောက်တော့ ည 9 နာရီခွဲကျော်နေပြီ။

အဲ့တာနဲ့ပဲ အားလုံးကိုယ့်အခန်းကိုယ် အသီးသီး၀င်ကာ တစ်ခါထဲ အနားယူလိုက်ကြတာဖြစ်သည်။

တရေးနိုးတဲ့အချိန်က မနက် 6 နာရီမို့ ခွင်းထပ်အိပ်ဖို့ မကြိုးစားတော့ဘဲ ရင်ခွင်ထဲမှ အနမ်း မျက်နှာလေးကို တစိမ့်စိမ့်
ကြည့်ကာ နေလိုက်၏။

တစ်ကိုယ်လုံးမှာ သူ့ ရှပ်အင်္ကျီကြီးတစ်ထည်ထဲ ၀တ်ထားပြီး နှစ်ခြိုက်စွာ အိပ်မောကျနေဟန်လေးက တကယ့်ကလေးလေးတွေအတိုင်း ဖြူစင်လွန်းလှသည်။

မျက်နှာပေါ် ၀ဲကျနေသည့် ဆံပင်လေးတွေကို အမြတ်တနိုးဖြင့် သပ်တင်ပေးလိုက်ပြီး မိုချီလေးတွေလို ဖောင်းဖောင်းအိအိဖြစ်နေသည့် ပါးလေးကို သူ့လက်ညှိုးနဲ့ ခပ်ဖွဖွလေးတို့ထိလိုက်တော့ အသည်းယားဖွယ်ကောင်းလောက်အောင် သူ့လက်ညှိုးက သူမပါးလေးထဲသို့ နစ်၀င်သွား၏။

ခွင်း သဘောကျစွာဖြင့် ပါးဖောင်းဖောင်းလေးထဲကို သူ့လက်ညှိုးနဲ့ အိကျိအိကျိထိုးကာ ကစားနေတုန်းမှာပဲ အနမ်းက နိုးသွားသည်။

"ဟင့်...... ဘာတွေလုပ်နေတာလဲ ခွင်းရာ..... ဒီမှာ အိပ်နေတဲ့ဟာကို ......"

အနမ်းက ပြောပြောဆိုဆို​နှင့် ဖွေးဥနေသော ပေါင်တံလှလှလေးတွေဖြင့် ခွင်းရဲ့ ခါးအား တွယ်ခွကာ လက်တွေကလဲ ခွင်းရဲ့ကိုယ်လုံးကို ဖက်တွယ်လာသည်။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now