🤍 အပိုင်း 14 🤍

4.7K 239 6
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 14 🤍

"အဟွန်းဟွန်း ..... အေးပါကွာ မင်းငါတို့ကိုသာ တစ်၀ိုင်း ကျွေးဖို့ပြင်ထားတော့... "

"........"

"အေးပါ ..... မှုန့်ကိုလဲ ပြောပြလိုက်မယ်...... အေးအေး အဲ့တာဆို ဒါပဲနော်..... "

နေ ၀ဠာဆက်တဲ့ဖုန်းကို ပိတ်လိုက်တော့ သူမက ညဘက် Skin care လုပ်နေရာက လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့တဲ့လဲဟင် ..... "

"ဪ ၀ဠာဆက်တာပါ...... သူ့မိန်းမမှာ ကိုယ်၀န်ရှိကြောင်းကို လှမ်းဆက်ပြီး ကြွားတာလေ ...... ဒီကောင်တော်တော်ပျော်နေတာ......"

"ဟယ် ဟုတ်လား ..... ဒါနဲ့ သူတို့ ကလေးယူတာ စောတယ်နော်...... "

"အွန်း .....  ကိုယ့်အထင် မသက်အိန္ဒြေခင်က အသက် 30 ဆိုတော့ ဒီထက်နောက်မကျခင် ကလေးမြန်မြန်ယူလိုက်တာ ထင်တယ်..... ၀ဠာကတော့ အဖေ ဖြစ်ဖို့ နည်းနည်းလေး စောနေသေးလားလို့ ..... "

"23 နှစ်အရွယ်ဆိုတာ အရမ်းကြီးလဲ မငယ်တော့ပါဘူး ...... သူများတွေဆို 18 / 19 နဲ့ လက်ထပ်ပြီး ကလေးတွေမွေးနေကြတာပဲ ဟာကို ....... "

သက်အိန္ဒြေခင်ကို အသက်ကြီးတယ်ပြောပြီး ၀ဠာကိုကျတော့ အသက်ငယ်လို့ နှမြောသလိုမျိုး ပြောလိုက်မိလို့ ချက်ချင်းကို တုံ့ပြန်ချက်ပေးလာသည့် မှုန်ကိုကြည့်ပြီး နေ ပြုံးလိုက်မိသည်။

"ရှင်က ဘာပြုံးတာလဲ ..... "

"အဟွန်း ..... ဘာမှမဟုတ်ပါဘူး ..... ဒီအတိုင်း သဘောကျစရာတစ်ခုကို တွေးမိသွားလို့ပါ ......"

နေ အိပ်ရာမ၀င်ခင် စာအုပ်ဖတ်နေတာကို ၀ဠာက ဖုန်းဆက်လာတာမို့ ဖုန်းပြောပြီးတော့ စာအုပ်လဲ ဆက်မဖတ်ချင်တာနဲ့ပဲ book mark လေးနဲ့ ဖတ်လက်စနေရာကို ပိတ်လိုက်ပြီး အိပ်ရာဘေးမှ စားပွဲပေါ်လှမ်းတင်လိုက်သည်။

ပြီးတော့ စောင်ကို ခြုံကာ အိပ်ဖို့ ကြံတော့ သူမက .....

"ဟင်..... ရှင် ဒီည အစောကြီး အိပ်မို့လား..... "

ပုံမှန်ဆို သူ ရိုက်ကူးထားတဲ့ဇာတ်ကားတွေကို ပြန်ကြည့်လိုက် စိတ်တိုင်းမကျတဲ့ နေရာတွေကို ပြန် edit လိုက်နဲ့ ညဆို ၂နာရီ ၃နာရီမှ အိပ်တတ်သည့်သူက အခုအစောကြီး အိပ်ဖို့ ​ပြင်နေတာမို့  မှုန် အံသြတကြီးနဲ့ မေးလိုက်မိသည်။

ချစ်ခြင်းရိပ်မြုံOnde histórias criam vida. Descubra agora