ချစ်ခြင်းရိပ်မြုံ
🤍 Part 32 🤍
တိုက်ခန်းဆီ ပြန်ရောက်တာနဲ့ မှုန်က သူမရဲ့ ခရီးဆောင်အိတ်လေးကို ဆွဲကာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ သူမရဲ့အလုပ်ခန်းထဲ၀င်ဖို့ပြင်နေတာမို့ နေ မှုန်ရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
"ဘာလဲ..... ဒါ ဘာလုပ်တာလဲ......"
"ဘယ်အချိန်ထိ အဲ့ဒီအခန်းထဲမှာ နေနေမှာလဲ မှုန်...... ကိုယ်တို့ အခန်းကို ပြန်လာသင့်ပြီ ...... မင်းအဲ့လိုတစ်ယောက်ထဲ အခန်းခွဲနေတာကို ကိုယ်ဆက်ပြီး ခွင့်မပြုနိုင်တော့ဘူး......"
"ရှင်ခွင့်မပြုလဲ ကျွန်မက ဆက်နေမှာပဲ...... ရှင် ကျွန်မကို ဘာမှတားပိုင်ခွင့်မရှိဘူး......."
နေ သူမလေးရဲ့ လက်နှစ်ဖက်လုံးကို သူ့လက်တွေနဲ့ ချုပ်ကိုင်လိုက်ပြီး ......
"ကိုယ်က ဘာလို့ မင်းကို တားခွင့်မရှိရမှာလဲ..... ကိုယ်က မင်းရဲ့ခင်ပွန်း ...... မင်းစိတ်ချမ်းသာပါစေတော့ဆိုပြီး မင်းကျေနပ်သလို လုပ်ခွင့်ပေးထားတာ.....ဒါပေမဲ့ အခုမရတော့ဘူး ..... မင်းအဲ့အခန်းထဲမှာ ဆက်နေမယ်ဆို ကိုယ် မင်းမေမေကို ဖုန်းဆက်ရလိမ့်မယ်......"
"ဘာ...... ရှင်ဘာပြောလိုက်တယ်......"
"ဟုတ်တယ်..... မင်းအမေဆီကို ကိုယ်ဖုန်းဆက်မှာ ..... အမေ့သမီးက အခုချိန်ထိအခန်းခွဲအိပ်နေပါတယ်ဆိုပြီး ပြောမှာ......."
"ပြောလိုက်လေ ...... အဲ့တာဆို ကျွန်မကလဲ ကျွန်မဘာလို့ ဒီလို အခန်းခွဲအိပ်လဲဆိုတာကိုပါ ပြောပြလိုက်မှာပေါ့...... ရှင်တောင်ပြောရဲသေးတာ ကျွန်မက ဘာလို့ မပြောရဲရမှာလဲ......"
"ကိုယ်နဲ့ ခိုင့်အကြောင်းဆို မင်းရဲ့ အမေသိထားပြီးသား......"
"ဘာ....."
"ဟုတ်တယ်...... မင်း ကိုယ့်ကို အထင်လွဲ
နေတဲ့ အချိန်ထဲက ဖြစ်သမျှ အကြောင်းအကုန်လုံးကို ကိုယ် မာမီကို ပြောပြထားပြီးသား...... မာမီကနေ တစ်ဆင့် မင်းအမေလဲ သိပြီးသား....... ""ဒါဆို..... မေမေက သိပြီးတာတောင် အဲ့အကြောင်းကို ဘာလို့ ဘာမှမပြောရတာလဲ ......"
မေမေကသိနေရက်နဲ့ သူမ အိမ်ပြန်နေချိန်အတွင်း ဒီအကြောင်းကို ဟတောင်မဟတာကို မှုန်တော်တော်အံ့သြရသည်။