🤍 အပိုင်း 6 🤍

4.6K 208 3
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 6 🤍

"မောင် ဖြစ်ပါ့မလား .... မမ စိုးရိမ်တယ် .... "

"ဘာမှ မဖြစ်ပါဘူး မမရဲ့ ..... မောင်
မေမေ့ကို ပြောပြပြီးသွားပြီ .....အားလုံး အဆင်ပြေသွားမှာပါ ..... မောင့်ကို ယုံနော် ...."

မောင်ပြောသလို မောင့်ကို ယုံပြီး မောင့်ခေါ်ရာနောက် သက်လိုက်ခဲ့မိသည်။

မောင် သူမကို ခေါ်သွားသည့် နေရာက
နာမည်ကြီး စားသောက်ဆိုင်တစ်ခုကိုပင်။

ပါကင်ထိုးသည့် နေရာတွင် မောင်က ကားကို စက်သပ်ကာ ရပ်လိုက်တော့ သက်အရင် ကားပေါ်မှ ဆင်းလိုက်သည်။

ကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ် ဖြစ်နေသောကြံရည်ရောင် ၀မ်းဆက်လေးကို သက်
ကြည့်ကောင်းအောင်လို့ နည်းနည်းပါးပါး ပြုပြင်လိုက်ပြီး မောင့်ကားမှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံကိုယ် ကြည့်ပြီး ဆံပင်ကိုလဲ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်လိုက်သည်။

သူမလုပ်နေတာတွေကိုကြည့်ပြီး မောင်က သဘောကျစွာရယ်လေသည်။

"မောင့်မျက်လုံးထဲမှာ အလှဆုံးဖြစ်နေပါပြီ မမရယ် .... "

မောင်က ထိုသို့ ရွှတ်နောက်နောက်ပြောတော့ သက် မောင့်အား မျက်စောင်းနုနုတစ်ချက် လှမ်းထိုးလိုက်မိသည်။

ထို့နောက် မောင့် လက်ကလေးကို တွဲကာ မောင့်မေမေရှိနေမည့် စားသောက်ဆိုင်ထဲ အတူတူ ၀င်လာခဲ့သည်။

မောင့်မေမေက 47 နှစ်ဟု ​မောင်ပြောဖူးခဲ့သော်လည်း တကယ်တမ်း လူကိုယ်တိုင် တွေ့လိုက်ရသည့် အချိန်မှာတော့ ထင်ထားတာထက် အများကြီး ပိုနုပျိုနေမှန်း သက် သိလိုက်ရသည်။

ယောက္ခမဖြစ်လာမည့်သူက သူမထက် အသက်အရွယ်အားဖြင့် 17 နှစ် ကြီးသော်လည်း ဒီအတိုင်း အတူတူယှဥ်သွားကြမည်ဆိုလျှင် ညီအစ်မတွေအလားဟု ထင်ရလောက်အောင် တော်တော်လေး နုပျိုသည်။

မောင် အခုလိုမျိုး ချောမောရှင်းသန့် နေတာ အမေနဲ့တူတဲ့ အမွေပါလားဟု သက် တွေးမိသွားရသည်။

ယောက္ခမဖြစ်လာမည့်သူကို အန်တီဟုခေါ်ရမှာလား အစ်မဟုခေါ်ရမှာလား သက်
စဥ်းစားလို့မရပေ။

ချစ်ခြင်းရိပ်မြုံTempat cerita menjadi hidup. Temukan sekarang