🤍 အပိုင်း 33 🤍

5.3K 256 6
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 33 🤍

နေ ဒီနေ့ရိုက်ကူးရတဲ့ scene က night scene ဖြစ်သည်။

ဒီကြားထဲမှာ မင်းသားက မှားလိုက် မင်းသမီးက မှားလိုက်နဲ့ ထပ်ခါထပ်ခါပြန်ရိုက်နေရတာမို့ အားလုံးပြီးစီးသွားတဲ့အချိန်မှာ မနက် ၂နာရီ ထိုးနေပြီ။

နေလဲ အားလုံးပြီးသွားတာနဲ့ အိမ်မှာ သူမတစ်ယောက်ထဲရှိနေမှာကို စိတ်မချတာမို့ ကားကို အရှိန်အမြန်ဆုံးနဲ့ မောင်းနေမိ၏။

ဒီအချိန်ကြီး လမ်းမပေါ်မှာ ညကား တစ်စီး နှစ်စီးသာရှိတာမို့ ကားမြန်မြန်မောင်းရ
တာ အဆင်ပြေပေမယ့် ရိုက်ကွင်းနေရာက မြို့ပြင်မှာမို့ သူနေတဲ့ ချစ်ခြင်းရိပ်မြုံကို ပြန်ရောက်ဖို့ကို တစ်နာရီလောက် ကားမောင်းရသည်။

တိုက်ခန်းကို သူပြန်ရောက်တော့ မနက် ၃နာရီကျော် ......

အခန်းတံခါးကို ဖြည်းဖြည်းလေး ဆွဲဖွင့်လိုက်တော့ ညအိပ်ရင် ညအိပ်မီးမှိန်မှိန်လေးဖွင့်အိပ်တတ်သည့် သူမလေးက ဘေးတစောင်းလေးနဲ့ သူ့ဘက်ကို ကျောပေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ဒါကြောင့်မို့ နေ ထို ညအိပ်မီး မှိန်မှိန်လေးနဲ့ပဲ အ၀တ်အစားကို အသံတိတ်လဲကာ
ပြီးမှ သူမလေးဘေး ၀င်လှဲလိုက်၏။

လက်တွေက သူမခါးလေးကို အသာဖက်ကာ ဗိုက်ကလေးကို စမ်းကြည့်လိုက်တော့
သူများတွေ ထမင်းစားပြီးလို့ ဗိုက်ပူရုံလောက်လေးသာ ရှိသေးသည်။

ကိုယ်၀န်ရှိပြီးမှ အရင်ကထက်တောင် ပိုလှလာသည့် သူမလေးကြောင့် သူ့မှာ စိတ်မချနိုင်ဖြစ်နေလို့ အိမ်ထောင်သည်မှန်းသိအောင် ဗိုက်ကို မြန်မြန် ထွက်လာစေချင်ပါတယ်ဆိုမှ ဗိုက်က အပျိုဗိုက်ဖြစ်နေတာမို့ သိပ်မထွက်လာပေ ။

သူမလေးကို ဖက်ထားလျက်နဲ့ ဟိုတွေးဒီတွေးလုပ်ရင်း မနက် 4 နာရီလောက်မှ နေ လဲ အိပ်ပျော်သွားတော့သည်။

******

ကြားနေရသည့် လှုပ်လှုပ်ရှားရှားအသံတွေကြောင့် နေ မျက်လုံးမဖွင့်နိုင်သေးပေမယ့် နိုးနေရပါပြီ။

ချစ်ခြင်းရိပ်မြုံOnde histórias criam vida. Descubra agora