🤍 အပိုင်း 22 🤍

5.2K 289 18
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part -22 🤍

"ဟဲလိုပြောပါ......"

ခွင်းဖုန်းကို ခေါ်လိုက်တာ တစ်ဖက်မှ ကြားလိုက်ရသည့် မိန်းကလေး အသံကြောင့် အနမ်းအံ့အားသင့်သွားရသည်။

"ဟို ဒါ မာန်ဟုန်ခွင်းရဲ့ ဖုန်းမဟုတ်ဘူးလားရှင့် ........ "

"ဟုတ်ပါတယ်...... ဒါ ခွင်းရဲ့ ဖုန်းပါ အနမ်းနွေးနွေး ..... အခုပြောနေတဲ့သူက ဧကရီဇော်ပါ ..... အနမ်းနွေးနွေး နင်ငါ့ကိုမှတ်မိသေးလား "

ဧကရီဇော်ဆိုတာ state ကျောင်းတက်ခဲ့တုန်းက သူမတို့အခန်းရဲ့  အလှဆုံးမိန်းကလေး ..... ပြီးတော့ ခွင်းကို တစ်ဖက်သတ်သဘောကျခဲ့တဲ့ မိန်းကလေး မဟုတ်လား ........

သူက အခုဘယ်လိုဖြစ်ပြီး ခွင်းရဲ့ ဖုန်းကို
ကိုင်လိုက်တာပါလိမ့် .......

"ဧကရီဇော် .....နင်က ဘယ်လိုလုပ်ပြီး ခွင်းရဲ့ ဖုန်းကို ​ကိုင်လိုက်တာလဲဟင်...... ခွင်း ရော မရှိဘူးလားဟင်......."

"ခွင်းက အခု ရုပ်ရှင်ရိုက်နေတယ်..... ငါ့ဆီကို ဖုန်းအပ်ထားတာ..... ဒါနဲ့ နင်နဲ့ခွင်းနဲ့က အခုချိန်ထိ အဆက်အသွယ်ရှိနေတုန်းလား ........ လူကြီးချင်းပြဿနာတက်ပြီး နင်တို့ အဆက်အသွယ်မရှိလောက်တော့ဘူးလို့ ငါကထင်ထားတာ.....

ငါက အခု ခွင်းနဲ့အတူ ဘန်ကောက်ရောက်နေတာလေ ....... ခွင်းနဲ့ငါနဲ့ကို နေရာချထားဖို့ လူကြီးချင်းတိုင်ပင်နေကြတာ...... ခွင်းဒယ်ဒီရော ငါ့အဖေရော အခု ဘန်ကောက်မှာပဲ ........ ငါက အခု ခွင်းရိုက်ကွင်းမှာ လိုက်စောင့်ပေးနေတာ.....
ပြီးကျရင် shopping အတူတူထွက်ကြမှာလေ..... ငါ ခွင်းကို ဘာပြောပေးလိုက်ရမလဲ ....... "

တစ်ဖက်ကဖုန်းထဲမှ ဧကရီဇော်ပြောလာသည့် စကားများကိုကြားပြီး မယိုင်လဲသွားစေရန် အနမ်း မနည်းကို တောင့်ခံထားရသည်။

ခွင်းနဲ့ ဧကရီဇော်နဲ့ကို လူကြီးချင်း နေရာချထားပေးဖို့တဲ့လား .........

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ....... ခွင်းနဲ့ သူမနဲ့က လက်ထပ်ပြီးသားလေ ........

ဒါကို ခွင်းက ထပ်ပြီး ဧကရီဇော်နဲ့ ပတ်သက်ဖို့ဆိုတာ ........ ဟင့်အင်း လုံး၀ မဖြစ်နိုင်ဘူး........

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now