ချစ်ခြင်းရိပ်မြုံ
🤍 Part - 13 🤍
၀ဠာ ကိုနေရယ် ခွင်းရယ်နဲ့အတူ ညနေပိုင်း စားသောက်ဆိုင်တစ်ဆိုင်မှာ ဘီယာထိုင်သောက်နေစဥ် မမ ဆီမှ ဖုန်း၀င်လာသည်။
"မောင်လား ..... "
"ဟဲလို မမ .... "
"မောင်အခု ဘယ်မှာလဲဟင်....."
"မောင်အခု ကိုနေတို့ ခွင်းတို့နဲ့ ဘီယာ၀င်သောက်နေတာမမရဲ့ ...... "
"မူးနေပြီလား ..... "
"အဟွန်း မူးအောင်ထိမသောက်ပါဘူး မမရဲ့ ...... အာစွတ်ရုံလောက်လေးပဲ သောက်တာ..... ဒါနဲ့ မမ ဘာဖြစ်လို့ မောင့်ဆီ ဖုန်းဆက်တာလဲ ...... အခုကရော ဆေးခန်းမှာလား ..... "
"ဆေးခန်းမှာမဟုတ်ဘူး မောင်.....မမ အိမ်ပြန်ရောက်နေပြီ..... ဒီနေ့ ဆေးခန်းမှာ လူနာလဲ သိပ်မရှိတာနဲ့ စောစောပြန်လာခဲ့တာ....... "
"နေမကောင်းဘူးလား မမ .... ဘာလို့ အသံက ဒီလောက်တောင် ဖျော့တော့နေရတာလဲ ....... "
"အွန်း နည်းနည်း နေမကောင်းချင်သလို ဖြစ်နေလို့ မောင် ...... အဲ့တာညနေစာကို ထမင်းလဲ မစားချင်လို့ မောင်ပြန်လာရင် ကြေးအိုးလေး ၀ယ်ခဲ့ပါလားဟင်.... "
"အွန်းအွန်း .... အဲ့တာဆို အခု မောင်ကြေးအိုး၀ယ်ပြီး ချက်ချင်းပြန်လာခဲ့မယ်နော် ...... "
"ရပါတယ် မောင်ရဲ့ ..... မောင်တို့ အေးဆေး စကားပြောကြပါဦး ..... "
"မဟုတ်တာ မမကလဲ.... မမနေမကောင်းတာ မောင်က ချက်ချင်း ပြန်လာရမှာပေါ့..... မမ နွေးနွေးထွေးထွေးနေနော်....
မောင် အခုချက်ချင်းပြန်လာခဲ့မယ် သိလား ..... "၀ဠာ မမနဲ့ ဖုန်းပြောပြီးတာနဲ့ ဖုန်းပိတ်ကာ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။
"ငါသွားတော့မယ် ခွင်း ..... ကိုနေ ကျွန်တော်သွားပြီနော်....."
"နေပါဦး ၀ဠာ မင်းကလဲ ..... အခုမှရောက်တာဖြင့် ဘယ်လောက်မှ မကြာသေးဘူး .... "
"မနေတော့ဘူး ခွင်းရ ..... ဟိုမှာ မမက နေမကောင်းဘူးတဲ့ ငါ ပြန်သွားမှရမယ် "
သူတို့ နှစ်ယောက်လုံးကို ပြောပြီးတာနဲ့
၀ဠာ လက်ကျန် ဘီယာလေးကို တစ်ကျိုက်ထဲ မော့သောက်လိုက်ပြီး
နေရာမှ ထွက်လာခဲ့သည်။