Soo ကိစ္စာလေးပြီးပြီမို့ ဓာတ်လှေကားနဲ့
အောက်ဆင်းလာခဲ့သည်။
ခပ်လှမ်းလှမ်းမှာ မြင်နေရသူက သူမရဲ့ဒရိုင်ဘာတစ်ဖြစ်လဲ ပတ်ချယ်ယောင်း။
အစတော့ Jenကြောင့်ဒီကောင်မလေးကို
လက်ခံထားခဲ့ပေမယ့် ပေါင်းကြည့်တော့လည်းမဆိုးပါဘူးလို့တွေးမိတယ်။သူဆီ ဒရိုင်ဘာလာလုပ်တဲ့သူက မနက်ဆိုကားအကောင်းကြီးနဲ့ရောက်ရောက်လာပြန်ရော။
သူက ဘာကြောင့်ကိုယ့်ဘေးလာနေတယ်ကိုယ့်မသိ။
သိတာကတော့ သူကြောင့် ကိုယ့်နေထိုင်ပုံတွေလည်းပြောင်းဆန်ကုန်ရတာတော့
သူမသိတယ်။ဟော... အခုလဲအမြင်မတော်တာတွေ့နေပြန်ပြီ!
ကားပေါ်အမှိုက်ကစ အနံဆိုးတွေရှိတာ
မကြိုက်တတ်သူမဟာ၊အခုဆို သူမကားကမသိရင်စတိုးဆိုင်လားထင်ရတယ်။
ခုလည်းတပွေ့တစ်ပိုက်နဲ့ လက်ကလည်းဖုန်းပြောနေသေးတယ်။"အေး....အေး.ဒါဆိုလဲ ဒါဆိုလဲပြီးရော"
" ကဲ... ပြန်မယ်၊ မင်းဝယ်လို့ရောပြီးအုံး
မှာလား ""Soo ပိုက်ဆံနည်းနည်းချေးပါလား
ဒါမှမဟုတ် ယောင်းလစာကြိုထုတ်လို့ရမလား""ဘာလဲ Card ပိတ်ခံထိပြန်ပြီလား"
Jen ဆီကနေသူအကြောင်းတွေ
တစ်စွန်းတစ် သူမကြားထားသည်။" ဟင် Sooက ဘယ်လိုသိနေတာလဲ
ယောင်းကို ကယ်ပါအုံး "သူကိုဘာမှမပြောတော့ဘဲ ဈေးဝယ်လေးတစ်ကဒ်လေးထုတ်ပေးကာ သူဘေးနားကထွက်သွားတဲ့ Soo ကြောင့်သူကြိတ်ပြုံးလိုက်သည်။
"နေအုံးလေ နေအုံး Soo ယောင်းကို
စောင့်ပါအုံး"သူအော်နေပေမယ့် ဟိုကတော့အဖက်မလုပ်ဘဲ
ထွက်သွားခဲ့လေပြီ။
နှုတ်ခမ်းလေးစူကာ အလိုလိုစိတ်ကောက်ချင်နေမိတာ ယောင်းအပြစ်လား မမ !!
အင်း... မမ ဒီနာမည်လဲမဆိုးပါဘူး။
ခေါ်ရတာသူကြိုက်သား ဟီး...ဟီး "~~~~~~~~~~~
Meeting ပြီးပြီးမို့ Banခါးလေးတစ်ချက်ဆန့်လိုက်စဉ် ဖုန်းလေးတုန်ခါလာလေသည်။
"Hello ဟုတ် အမေပြီးပြီး
သမီးခဏနေရောက်တော့မှာ
ဒါပေမယ့်သမီးဟိုတယ်လာပြန်လာရအုံးမယ် "
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။