{ 1 Week ago }
မိုးကုတ်စက်ဝိုင်းကြီး အောက်ငုပ်လျိုးပျောက်ကွယ်ချင်နေတဲ့၊နေဝန်းနီကြီးဟာပင်လယ်ပြင်ကြီးရဲ့နှုတ်ခမ်းပါးပေါ်မှေးတင်နေလေပြီ။ တစ်နေ့တာရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ရုံတင်မဟုတ်ဘဲ၊နောက်ဆုံးလက်ပြနှုတ်ဆက်ချိန်မှာတောင်၊ပုစွန်ဆီရောင်ပမာရောင်စဉ်ဖြာကာ ကွန်မြူးနေပြန်တယ်။
တချို့ကတော့ ဒါကိုမိန်းမလှအရောင်လို့တင်စားခေါ်ဝေါ်တတ်ကြသေးတယ်။
အဲလိုဘဲမိန်းမလှအရောင်နဲ့ လိုက်ဖက်စွာ
အနီရောင်ဂါဝန်လေးကိုဆင်မြန်းထားတဲ့
ကျမချစ်ရပါသောသူမ။အပေါ်ပိုင်းလေး ဂျပ်နေတယ်လို့ထင်ရပေမဲ့
သူမနဲ့လက်ဖက်လွန်းစွာ ကြည့်ကောင်းနေပြန်တယ်။
အကျီလက်ဖျံရဲ့ အနားစလေးမှာ ခေါင်းလောင်းပွင့်ကြီးသဖွယ့် စွင့်ကားနေတာကလဲ သူမနဲ့အရမ်းပနံတင့်နေသလိုအမြင်ဆန်းနေပြန်တယ်။ဂါဝန်အောက်အနားသတ်လေးမှာတော့
ဘောလုံးလေးသဖွယ်ပတ်လည်ဝိုင်းနေတဲ့ အလုံးလေးတွေကလဲပါပြန်သေးတယ်။
ဒီအလှတရားကို မျက်တောင်လေးတစ်ချက်ခတ်လိုက်ရမှာကိုတောင် နှမြောတသဖြစ်နေရသည်။တန်ဖိုးထားတယ်ဆိုတာ တန်ဖိုးထားစရာကလဲတန်ဖိုးရှိရမည်။
တန်ဖိုးထားသူကလဲ တန်ဖိုးရှိမှန်းသိရမယ်။
တန်ဖိုးရှိမှန်းသိရင်လည်း တန်ဖိုးထားရမယ် !ရင်ထဲမှာ စကားလုံးလေးတစ်ချို့ကို ရေရွှတ်ရင်းအကြည့်တွေကသူမဆီမှာသာ။
သူငယ်ချင်းဖြစ်ဟန်တူတဲ့ ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ ကျမရဲ့ချစ်ရသောသူမ။ဘာသဘောကျသွားသည့်မသိ သူမဟာ ခေါင်းလေးမော့ နှုတ်ခမ်းပေါ်လက်ကလေးကာရင်း ရယ်နေတယ်။ ချစ်စရာလေးလို့ပြောရင်ကျမ
မလွန်ဘူးမလား။
ချစ်ရသူရဲ့ပုံရိပ်လေးတွေကို နှလုံးသားထဲက
တဖျတ်ဖျတ်နဲ့ရိုက်ယူ သိမ်းဆည်းထားနေမိတယ်။ချစ်ရသူလေးရဲ့ ဒီပုံရိပ်အပြုအမူတွေဟာ ကျမအတွက်ဘဲဖြစ်စေချင်လိုက်တာ။ကျမမှာ သူကိုပိုင်ဆိုင်ချင်တယ် စိတ်ရိုင်းလေးတွေ ဖြစ်ပေါ်လာတာလဲမကြာခဏ။
လေးလံလာတဲ့အတွေးတွေကို လေပူတစ်ချက်နဲ့အတူမှုတ်ထုတ်လိုက်သည်။
မျက်ဝန်းလေးတွေမှာတော့ ချစ်ရသူရဲ့ပုံရိပ်တွေသာစိုးမိုးလို့နေတော့သည်။
YOU ARE READING
လှပ်၍လွှင့်သော
Actionနှင်းတွေကျတိုင်း ချယ်ရီခုံတန်းလေးမှာ နှင်းပွင့်လေးတွေရဲ့ အအေးဒဏ်ကို ခံစားရတဲ့အခါ ဆုံးရှုံးခဲ့ရတဲ့ အချစ်တွေလောက် အေးစက်နာကျင်မူမရှိတာ သတိရပါ။